Tuesday, April 29, 2014

(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အစည်းအဝေး တက်ရောက်ရန် ဒုတိယဝန်ကြီးနှင့် အဖွဲ့ ထွက်ခွာ

ရန်ကုန် ဧပြီ ၂၈
၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးနှင့် စပ်လျဉ်းသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီ၊ အလုပ်အမှုဆောင်နှင့်
သက်ဆိုင်ရာ ကော်မတီ အစည်းအဝေးများကို ဧပြီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်ရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာအားကစား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားဝန်းကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ အိုလံပစ် အထွေထွေ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ တွဲဖက်အတွင်းရေးမှူး (အကြံပေး) ဦးခင်မောင်လွင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသက်လွင်၊ ဆေးဘက်ဆိုင်ရာ ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နိုင်ငံတကာ ဆက်ဆံရေး အတွင်းရေးမှူး ဒေါက်တာမြတ်သူရစိုးတို့သည် ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီခွဲက ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်မှ စင်ကာပူလေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။
(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီ အစည်းအဝေး၊ အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး၊ အားကစားနှင့် ဆေးဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေး၊ အားကစားနှင့် စည်းမျဉ်းဥပဒေ ကော်မတီ အစည်းအဝေးများကို သက်ဆိုင်ရာ မြန်မာ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးမည့် အပြင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများ ထည့်သွင်းကျင်းပနိုင်ရေးကိုပါ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment