Tuesday, April 29, 2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုအစီအစဉ်များမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်

နေပြည်တော် ဧပြီ ၂၉

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM ၊ ရွှေ FM၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊ FM ပုဂံနှင့် သဇင် အသံလွှင့် ဌာနတို့မှ ၂၀၁၄ ခုနှစ် မေ (၁) ရက်၊ (၂) ရက်တို့တွင် နံနက် (၇) နာရီ၊ နံနက် (၁၁) နာရီ၊
ညနေ (၆) နာရီနှင့် ည (၈) နာရီတို့တွင် တစ်ရက်လျှင် (၄) ကြိမ်စီ ထုတ်လွှင့်သွားမှာ ဖြစ်သည်။ အဆိုပါ အသံလွှင့်မိန့်ခွန်းကို မေ (၁) ရက်ထုတ် သတင်းစာများတွင် အပြည့်အစုံ ဖော်ပြသွားမည် ဖြစ်သည်။ 

No comments:

Post a Comment