Tuesday, April 29, 2014

မြန်မာ-နော်ဝေစီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရေးဆွေးနွေး

နေပြည်တော်-ဧပြီ(၂၉)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နော်ဝေနိုင်ငံ Deputy Minister for Trade, Fisheries and Industry H.E.Ms. Dilek Ayhan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဧပြီ(၂၉)ရက် မွန်းလွဲ(၁၂)နာရီခွဲတွင် နေပြည်တော် ရွိုင်ရယ် ကုမုဒြာဟိုတယ်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုပါကြောင်း၊ ပို့ကုန်၊ သွင်းကုန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန် ချောမွေ့ရေးဆောင်ရွက်လျက် ရှိပါကြောင်း
ပြောကြားသည်။
 ထို့နောက် နော်ဝေနိုင်ငံ ဒုတိယဝန်ကြီးက နော်ဝေနိုင်ငံမှာ ကမ္ဘာပေါ်တွင် ဓာတ်မြေဩဇာအများဆုံး ထုတ်လုပ်နေသော နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ လယ်သမားများအတွက် ဓာတ်မြေဩဇာ တင်သွင်း ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းနှင့် အသိဉာဏ်ဗဟုသုတများဖြန့်ဖြူးခြင်းတို့ကို လုပ်ဆောင်လိုပါကြောင်း၊ နော်ဝေစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးကို စိတ်ဝင်စားပါကြောင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment