နေပြည်တော်
မတ် ၂၀
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအဖွဲ့အစည်းများအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့
(High Level Task Force on Strengtheing the ASEAN Secretariat and Reviewing the
ASEAN Organs) ၏ ပထမအကြိမ် အစည်းအဝေးကို မတ် ၁၈ ရက်မှ ၂၀ ရက် အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌
ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အဆင့်မြင့် လုပ်ငန်းအဖွဲ့ဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စား
လှယ်အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဘွားက သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး
အဖွင့် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ ကိုယ်စားပြု
အဆင့်မြင့်လုပ်ငန်း အဖွဲ့ဝင် ကိုယ်စားလှယ် ၁၀ ဦးနှင့်အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ
ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်
အာဆီယံ အဖွဲ့အစည်းများအား ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ ပထမဦးဆုံး
အစည်းအဝေးဖြစ်သည့် အားလျော်စွာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအဖွဲ့အစည်းများအား
ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ ၏ လုပ်ထုံးလုပ်နည်းများနှင့်
လုပ်ငန်းစီမံချက်တို့ကို မူကြမ်းရေးဆွဲခြင်း၊ ဦးစားပေး သုံးသပ်သင့်သည့် အာဆီယံ အဖွဲ့အစည်းများကို
ရွေးချယ်ဖော်ထုတ်နိုင်ရေးနှင့် ၎င်း အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်ချက် တို့ကို
သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းအဝေး၏
နောက်ဆက်တွဲ အစည်းအဝေးများကို အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် ဆက်လက်ကျင်းပသွားရန်ရှိပြီး
ယင်း အစည်းအဝေးများတွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းများ
ခိုင်မာသွက်လက်ရေးနှင့် အာဆီယံအဖွဲ့အစည်းများအား ပြန်လည်သုံးသပ်ရန် နည်းလမ်းများကို
ရှာဖွေသုံးသပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment