ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ထိုင်းနိုင်ငံအခြေစိုက် ယူနီလီဗာ အမှုဆောင် အရာရှိချုပ် Mr.
Paul Polman ဦးဆောင်သော
ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကို
တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး၊ နှစ်ဦးနှစ်ဖက်ရေရှည်အကျိုးရှိသော
ထုတ်ကုန်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် သွားရေးနှင့် မြန်မာပြည်သူများအတွက် အလုပ်အကိုင်
အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ဦးဝင်းမြင့်၊ ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment