ရန်ကုန်-မတ်(၂၃)
မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ (၃)လပတ် စုံညီအစည်းအဝေးကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁)နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ
ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ တည်ထောင် ဖွင့်လှစ်ခဲ့ပြီး
(၃)လအကြာ အင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းများ ဆောင်ရွက်မှု၊ နည်းဥပဒေ(မူကြမ်း) ရေးဆွဲပြီးစီးမှု၊
ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားပြီး အထွေထွေအတွင်းရေးမှူး၊
တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က လုပ်ငန်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်း
တင်ပြကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီအောက်ရှိ လုပ်ငန်းကော်မတီများ
ဖြစ်ကြသည့် မှတ်ပုံတင်လက်မှတ် စိစစ်ရေးလုပ်ငန်း ကော်မတီ၊ အင်ဂျင်နီယာ၊ အထူးပြုပညာရပ်ဆိုင်ရာ
အရည်အသွေး စိစစ်အသိအမှတ် ပြုရေးလုပ်ငန်းကော်မတီ၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊
စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ စံချိန်စံညွှန်းများ၊ လုပ်ငန်းအခြေခံ စံနှုန်းများနှင့်
အင်ဂျင်နီယာ ဆိုင်ရာကျင့်ထုံးများ ပြုစုရေး လုပ်ငန်းကော်မတီ၊ အင်ဂျင်နီယာပညာ စဉ်ဆက်မပြတ်
သင်ကြားရေး လုပ်ငန်း ကော်မတီ၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအား
စိစစ် အသိအမှတ်ပြုရေး လုပ်ငန်း ကော်မတီနှင့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေး
လုပ်ငန်း ကော်မတီများမှ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ များက မိမိတို့လုပ်ငန်းကော်မတီအလိုက်
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်
ဦးဉာဏ်ထွန်းဦးနှင့် ဦးဝင်းခိုင်တို့မှ လိုအပ်သည်များ ဆွေးနွေး တင်ပြကြပြီး ကောင်စီဝင်များက
ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment