နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့
(PSPA) MDRI-CESD နှင့် Denmark Ombudsman တို့ပူးတွဲပြီး "ပြည်သူ့ဝန်ဆောင်မှုများအပေါ်
ပြည်သူလူထု၏ တိုင်းကြားချက်များ စီမံခန့်ခွဲမှု" ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီတွင်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတက်ရောက်၍ အမှာစကားပြောကြားရာတွင်
ယနေ့ နိုင်ငံတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ လူထုအခြေပြု ပြုပြင်ပြောင်းလဲမှုများကို
ဖော်ဆောင်ရာတွင် အစိုးရအနေဖြင့် ပြည်သူတို့၏ ဆန္ဒနှင့် လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းပေးနေသော်လည်း
အခက်အခဲများ၊ စိန်ခေါ်မှုများစွာကျန်ရှိနေ သေးကြောင်း၊
နိုင်ငံတိုင်း၏ အကူးအပြောင်း ကာလများတွင်
တွေ့ကြုံရသော ပြဿနာများရှိတတ်ကြောင်း၊ ပြည်သူလူထု၏ တောင်းဆိုချက်များတွင် လိုအပ်ချက်များရှိသလို ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းလုပ်ဆောင် ပေးရေးတွင်
ဘတ်ဂျတ်မှအစ အကန့်အသတ်ရှိကြောင်း၊ ၎င်းအခြေအနေနှစ်ခုအပေါ် မတူညီသော အမြင်များကို ညှိနှိုင်းယူခြင်းများဖြင့်
ပြည်သူများ၏ လူမှုစီးပွားရေးကို တတ်နိုင်သမျှ တိုးတက်ဖြည့်ဆည်းလျက်ရှိကြောင်း၊ ထို့ကြောင့်
အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုများ မရှိမဖြစ်လိုအပ်နေသည့်အတွက် ပြည်သူ့ဗဟိုပြုကို
သွားရောက် ရာတွင် ပိုမိုထိရောက်စေရန် ပြည်သူ့အသံကို နားထောင်နိုင်ရန် နိုင်ငံတော်သမ္မတကြီးက
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့နှင့် Delivery Unit များကို ဖွဲ့စည်းပြီး ပြည်သူလူထု၏
အကြံပြုချက်များကို လက်ခံဖြေရှင်းပေးခဲ့ပါကြောင်း၊ ယခင်က Complaint Mechanism မရှိသဖြင့်
ပြည်သူ လူထု၏ ဆန္ဒဖော်ထုတ်ရန် နေရာမရှိခဲ့သည်ကို ယင်းအဖွဲ့များက ဆောင်ရွက်ဖြေရှင်းပေးခြင်းပင်ဖြစ်ကြောင်း၊
ယခုဆွေးနွေးချက်များ၊ အခြားနိုင်ငံများ၏ ပြုလုပ်ဆောင်ရွက်နေမှု များကို ကိုယ့်မြေ၊ ကိုယ့်ရေ၊
ကိုယ့်ယဉ်ကျေးမှု နှင့်သင့်လျော်ကိုက်ညီမည့်အချက်များ၊ သင်ခန်းစာများရယူ ဖော်ဆောင်ရန်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် ဒိန်းမတ်နိုင်ငံ
Ombusdsman အဖွဲ့မှ Mr. JENS က အခြားနိုင်ငံများ၏ Ombudsman အတွေ့အကြုံများကိုရှင်းလင်းတင်ပြရာတွင်
Ombudsman ၏သမိုင်းကြောင်း၊ Ombudsman ကို
ကျင့်သုံးနေသော နိုင်ငံများအကြောင်း၊ Ombudsman ကိုကျင့်သုံးရာတွင် ထားရှိရမည့် အခြေခံတန်ဖိုးထားမှုများ၊
လွှတ်တော်နှင့်ဆက်နွယ်မှု၊ တရားစီရင်ရေးနှင့်ဆက်နွှယ်မှု၊ အုပ်ချုပ်ရေးနှင့်ဆက်နွှယ်မှု၊
Ombudsman ၏ အကျိုးဆက်၊ Ombudsmanအပေါ် တုံ့ပြန်မှုများ၊
ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများ စသည်တို့ကို ဆွေးနွေးသည်။
ယင်းနောက် ဒေါက်တာဇော်ဦးက ပြည်သူ့ဝန်ဆောင်မှုများအပေါ်
ပြည်သူလူထု၏ တိုင်ကြားချက်များ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့်အတူ
ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ Denmark Ombudsman မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment