Thursday, February 13, 2014

မီးလောင်မှု ဖြစ်ပွား



တောင်ငူ ဖေဖော်ဝါရီ ၁၃
ယနေ့ ညနေ ၆နာရီ အချိန်တွင် တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ မြို့မဈေးကြီး အတွင်းမှ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ဈေးကြီးအတွင်းရှိ ဆိုင်ခန်းများ မီးလောင် ကျွမ်းသွားကြောင်းနှင့် ဆက်လက်ပြီး ဈေးကြီး တောင်ဘက်ခြမ်း၊ နံပတ် (၆)လမ်းဘက်ရှိ ဆိုင်ခန်းများ ဆက်လက် လောင်ကျွမ်းလျှက် ရှိကြောင်း သိရသည်။ မီးလောင် ကျွမ်းနေရာသို့ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ဖြူးမြို့နယ် များရှိ မီးသတ်ကား များအားလုံး အပါအ၀င် ပုဂ္ဂလိက ရေသယ်ကား များလည်း ၀ိုင်းဝန်း ငြိမ်းသတ်လျှက် ရှိသောကြောင့် ယခုအခါတွင် မီးငြိမ်း သတ်နိုင် သွားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment