Thursday, February 13, 2014

တတိယ အကြိမ် ဘင်းမ်စတက် (BIMSTEC) ထိပ်သီး အစည်း အဝေးနှင့် ဆက်စပ် အစည်း အဝေးများ နေပြည်တော်၌ ကျင်းပမည် သတင်း ရယူမည့် မီဒီယာ သမားများ မှတ်ပုံတင် ဆောင်ရွက် နိုင်ရေး အသိပေး

 နေပြည်တော် ဖေဖော်ဝါရီ ၁၃
တတိယ အကြိမ် ဘင်းမ်စတက်(BIMSTEC) ထိပ်သီး အစည်းအဝေး မတိုင်မီ အကြိုညှိနှိုင်း အစည်းအဝေးနှင့် (၁၆)ကြိမ်မြောက် ဘင်းမ်စတက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ(၁)ရက် မှ(၂)ရက် အထိ နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်၌ လည်းကောင်း၊ (၁၄) ကြိမ်မြောက် ဘင်းမ်စတက်ဝန်ကြီး
အဆင့် အစည်းအဝေးနှင့် တတိယ အကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်း အဝေးကို မတ်(၃) ရက်မှ (၄)ရက် အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန၌ လည်းကောင်း ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ သတင်း တက်ရောက် ရယူ လိုသည့် ပြည်တွင်း/ပြည်ပ သတင်း ထောက်များ အနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ဖြစ်သေwww.thirdbimstecsummit.gov.mm ၌ HOME Page ရှိ MEDIA REGISTRATION ကိုနှိပ်၍ MEDIA REGISTRATION FORM တွင် ဖြည့်စွက်ကာ SUBMIT ပြုလုပ်ရန် ဖြစ်ပြီး ဖေဖော်ဝါရီ (၂၅)ရက်နေ့ နောက်ဆုံးထား ပေးပို့ရန်နှင့် ဝင်ထွက်ခွင့် ကတ်များ ထုတ်ပေးခြင်းကို မတ်(၁၊၂)ရက် အစည်း အဝေးမှ စ၍ သတင်းရယူ လိုသူများ အတွက် ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် လည်းကောင်း၊ မတ်(၃၊ ၄)ရက် အစည်းအဝေး သတင်း ရယူလိုသူ များအတွက် မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် လည်းကောင်း နေရာအလိုက် အစည်း အဝေး စတင်သည့် ရက် နံနက်ပိုင်းတွင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာသံရုံးများမှ တစ်ဆင့် ဗီဇာလျှောက်ထား ကြရမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ သတင်းထောက် များအတွက် ဝင်ထွက်ခွင့် ကတ်/ဗီဇာ ကိစ္စတို့နှင့် ပတ်သက်၍ သိရှိလိုပါက အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေး ဦးစီးဌာန၊ ဖုန်း-၀၆၇-၄၁၂၅၀၉ သို့လည်းကောင်း၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်း ဌာနများနှင့် ပြည်တွင်း စာနယ် ဇင်းများ ဝင်ထွက်ခွင့် ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုပါက သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ဖုန်း- ၀၆၇-၄၁၂၁၂၆ သို့ လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment