Saturday, February 15, 2014

တတိယအကြိမ် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ နေပြည်တော်၌ ကျင်းပမည်၊ သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး အသိပေး



နေပြည်တော် ဖေဖော်ဝါရီ ၁၄
တတိယအကြိမ် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေး မတိုင်မီ အကြိုညှိနှိုင်း အစည်းအဝေးနှင့် (၁၆) ကြိမ်မြောက် ဘင်းမ်စတက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်မှ ၂ ရက်အထိ နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်၌လည်းကောင်း၊ (၁၄) ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်းအဝေးနှင့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို မတ် ၃ ရက်မှ ၄ ရက်အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ လည်းကောင်း ကျင်းပပြုလုပ်မည် ဖြစ်သည်။

သတင်းတက်ရောက် ရယူလိုသည့် ပြည်တွင်း/ပြည်ပ သတင်းထောက် များအနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.thirdbimstecsummit.gov.mm ၌ HOME Page ရှိ MEDIA REGISTRATION ကိုနှိပ်၍ MEDIA REGISTRATION FORM တွင်ဖြည့်စွက်ကာ SUBMIT ပြုလုပ်ရန် ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက် နောက်ဆုံးထား ပေးပို့ရန်နှင့် ဝင်ထွက်ခွင့် ကတ်များ ထုတ်ပေးခြင်းကို မတ် ၁၊ ၂ ရက် အစည်းအဝေး မှစ၍ သတင်း ရယူလိုသူများ အတွက် ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင်လည်းကောင်း၊ မတ် ၃၊ ၄ ရက် အစည်းအဝေး သတင်းရယူ လိုသူများအတွက် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် လည်းကောင်း နေရာ အလိုက် အစည်းအဝေး စတင်သည့်ရက် နံနက် ပိုင်းတွင် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာ သံရုံးများမှ တစ်ဆင့် ဗီဇာ လျှောက်ထား ကြရမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ သတင်းထောက်များ အတွက် ဝင်ထွက်ခွင့် ကတ်/ဗီဇာ ကိစ္စတို့နှင့် ပတ်သက်၍ သိရှိလိုပါက အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ဖုန်း-၀၆၇-၄၁၂၅၀၉ သို့လည်းကောင်း၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန များနှင့် ပြည်တွင်းစာနယ်ဇင်းများ ဝင်ထွက်ခွင့် ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုပါက သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဖုန်း-၀၆၇-၄၁၂၁၂၆ သို့လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment