ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် တိုးဂိတ်များရှိ
ကတ္တားများသည် ဂိတ်တစ်ခုနှင့်တစ်ခု တူညီမှု မရှိပါသဖြင့် ကတ္တား ချိန်တွယ်ရာတွင် တစ်ဂိတ်တစ်မျိုး
ဖြစ်နေကြောင်း၊ ယာဉ်များသွားလာရာ၌ ဒဏ်ကြေးပေးဆောင် ရမှုများ ရှိနေပါသဖြင့် ဂိတ်အသီးသီးရှိ
ကတ္တားလမ်းကို မှန်ကန်မှုရှိစေရေး ဆောင်ရွက်ပေးပါရန် တင်ပြချက်နှင့် ပတ်သက်၍ ရန်ကုန်-မန္တလေး
(အမြန်လမ်း) လမ်းမကြီးပေါ်ရှိ တိုးဂိတ်ကြီးများတွင် တပ်ဆင်ထားသော ကတ္တားများသည် အကျယ်
၁၂ ပေ၊ အလျား ၅၇ ပေရှည်၍ တန်ချိန် ၁၀၀ အထိ ချိန်တွယ်နိုင်သော ကတ္တားကြီးများ ဖြစ်ကြောင်း၊
အမြန်လမ်းတွင် ကုန်တင်ယာဉ်များ ဖြတ်သန်းမောင်းနှင် ခွင့်မပြုဘဲ ကတ္တား ချိန်တွယ်ရသော
ယာဉ်များသည်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သီးခြားခွင့်ပြုရသည့် ဌာနဆိုင်ရာ ယာဉ်များသာဖြစ်ပြီး
တန်ပိုယာဉ်များ ဖြတ်သန်းခွင့် မပြုသဖြင့် သတ်မှတ်တန်ချိန်အတိုင်း တင်ဆောင် ဖြတ်သန်းစေလျက်
ရှိကြောင်း၊ ကတ္တားချိန်တွယ်သည့် ယာဉ်များကိုလည်း ခရီးအစ တိုးဂိတ်တွင်သာ တစ်ကြိမ် ချိန်တွယ်ပြီးလမ်း
ခရီးဂိတ်များသည် ခရီးအစတွင် ချိန်တွယ်သော ဖြတ်ပိုင်းအတိုင်း စေလွှတ်ပေးလျက် ရှိပါကြောင်းနှင့်
လက်ရှိ ကတ္တားများသည် ကောင်းမွန်လျက် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
No comments:
Post a Comment