နေပြည်တော်
ဇန်နဝါရီ ၎
အမျိုးသားရေး
ဦးတည်ချက်(၄)ရပ်နှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပသည့် ၂၀၁၄ ခုနှစ် (၆၆)နှစ်မြောက်
လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့ရင်ပြင်၌ကျင်းပရာ
ပြည်သူလူထု စုစုပေါင်းအင်အား (၃၀၀၀)ကျော်တက်ရောက်ကြသည်။
ရှေးဦးစွာ
နံနက်(၄)နာရီ မိနစ်(၂၀)တွင် ၂၀၁၄ ခုနှစ် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်
အခမ်းအနားကို ကျင်းပကာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။
ထို့နောက်
အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊
ပုဗ္ဗသီရိတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်
ဒေသခံတိုင်းရင်းသား ပြည်သူများသည် သတ်မှတ်ထားသော စုရပ်အသီးသီးမှ
မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ နံနက်(၆)နာရီတွင် ဝင်ရောက် နေရာယူကြသည်။
အလားတူ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီးများ၊
၂၀၁၄ ခုနှစ် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်း အနားနှင့်
နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်
တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသူများကလည်း သတ်မှတ်နေရာအသီးသီး၌
နေရာ ယူကြသည်။
ယင်းနောက်
နံနက်(၇)နာရီတွင် ၂၀၁၄ ခုနှစ် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပ
ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်း
မောက်ခမ်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့၊
ပြည်သူလူထုကြီးနှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို
အလေးပြုကြသည်။
ဆက်လက်၍
ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသောရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို
ရွတ်ဆိုသည်။
ယင်းနောက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊
အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၄ ခုနှစ် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့
အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြား
သည်။
ထို့နောက်
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး
အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments:
Post a Comment