Tuesday, December 3, 2013

သက်သောင့် သက်သာ စားနိုင်မယ့် MPC အတွင်းက Food Court ဆိုင်

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အကြိုအား ကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၄ ရက်တွင် သတ်မှတ်ကွင်းများ၌ အကြိတ် အနယ် စတင် ယှဉ်ပြိုင် ကြတော့မည် ဖြစ်သည်။


International Broadcasting/ Main Press Center များ ရှိရာ နေပြည်တော် ဇမ္ဗူသီရိရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌လည်း ပြည်တွင်း/ပြည်ပ မီဒီယာများက သတင်းများ ရယူပေးပို့နိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
အဆိုပါ ခန်းမအပြင်ဘက်ရှိ All Media Information က တာဝန်ယူ ဖွင့်လှစ်သည့် Food Court တွင် အီတာလျံ၊ ဥရောပ၊ အာရှ အစား အသောက်များကို နံနက်မှ ညတိုင် မီဒီယာသမားများ လွယ်ကူစွာ ဝယ်ယူ စားသောက်နိုင်ပြီ ဖြစ်သည်။ ပြည်တွင်း မီဒီယာ သမားများ အတွက် ထမင်းနှင့်ဟင်း တစ်ခါပြင်ကို ငွေကျပ် ၃၅၀၀ ဖြင့် ဝယ်စားနိုင် သလို ပြည်ပ မီဒီယာ သမားများအတွက် အမေရိကန် ၈ ဒေါ်လာဖြင့် မှာယူချင်သည့် အစားအစာကို ပြင်ဆင်ပေးကြောင်း သိရသည်။ ကော်ဖီ တစ်ခွက်ကို ငွေကျပ် ၅၀၀ ဖြင့်ရောင်းချပြီး လွယ်ကူစွာ သယ်ဆောင် သွားနိုင်ရန် ဖော့ဘူးများဖြင့် ရောင်းချ ပေးသည်ကို တွေ့ရသည်။ IBC/MPC တွင်းရှိ ဖွင့်လှစ် ထားသော ရွှေပုဇွန်၊ ဘားကောင်တာ စသည်တို့ရှိ အစားအသောက်များကို All Media Information ကပင် ကိုယ်စားလှယ်ယူ လုပ်ကိုင်ခြင်း ဖြစ်သည်။ “ဘားကောင်တာမှာ သောက်စရာတွေကို စုံစုံလင်လင် ထားပေး ထားပါတယ်။ ည ၁၂ လောက်အထိ ဖွင့်မှာပါ”ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

No comments:

Post a Comment