ဆီးဂိမ်း
ကာလအတွင်း ပြည်တွင်း၊ ပြည်ပမီဒီယာများ သက်ဆိုင်ရာ သတင်းဌာနများသို့
သတင်းပို့ခြင်း၊ ရုပ်သံရိုက်ကူး ထုတ်လွှင့်ခြင်း တို့အတွက် နေပြည်တော် မဏိရတနာ
ကျောက်စိမ်း ခန်းမတွင် ပင်မ သတင်းဌာနကို ဖွင့်လှစ်ထားသည်။ နိုင်ငံတကာ
အဆင့်မီ ဝန်ဆောင်မှုပါဝင်သော အဆိုပါ ပင်မ သတင်းဌာနတွင် မီဒီယာများ အတွက်
နားနေ အပန်းဖြေနိုင်ရန် အခန်း (Media Lounge) ထားရှိကာ အချိုရည်ဘူးနှင့်
ရေသန့်ဘူးများကို အခမဲ့ သောက်ခွင့်ပြုထားသည်။ သို့သော် အဆိုပါ ရေဘူးနှင့်
အချိုရည်ဘူးများကို ပြင်ပသို့ ယူဆောင်ခွင့် မပြုဘဲ နားနေခန်းတွင်သာ
သောက်ခွင့်ပြုသည့် အတွက် မီဒီယာ သမားများ အလုပ် နှောင့်နှေးစေပြီး
စိတ်အနှောင့်အယှက် ကြုံတွေ့နေရသည်။
“IBC
ထဲမှာ ရေဘူးတို့၊ အချိုရည် ဘူးတို့ အခမဲ့ပေးတဲ့ အစီအစဉ်က ကြော်ငြာရှင် ဘက်လည်း
အကျိုးရှိသလို ဆီးဂိမ်းမှာ နိုင်ငံအတွက် ပူးပေါင်း လုပ်ဆောင် နေကြသူတွေ အားလုံး အတွက်
ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဆီက ယူတဲ့ရေကို အဲဒီ အခန်းထဲ ကုန်အောင် သောက်ပြီးမှ
အပြင်ထွက်ရမယ် ဆိုတဲ့ စည်းကမ်းကတော့ စိတ် အနှောင့်ယှက် ဖြစ်ရတယ်။ ပိုဆိုးတာက
တချို့လူတွေ၊ နိုင်ငံခြားသားတွေ အပြင်မှာ သောက်နေကြ တာပဲလေ။ မြန်မာ ဆီးဂိမ်းတွက်
လုပ်ကိုင်နေတာချင်း အတူတူ ရေဘူးလေးလို ကိစ္စမျိုးမှာတောင် ခွဲခြား ဆက်ဆံချင်တဲ့
သဘောကိုတော့ ဘဝင်မကျဘူး။ အနည်းဆုံး အခြေခံ ကိစ္စရပ်တွေမှာ တဖက်သား သိက္ခာကို
မထိခိုက် တဲ့ စည်းကမ်း၊ တပြေးညီ စည်းကမ်းလေး ရှိစေချင်တယ်”
သတင်းထောက်တစ်ဦး
No comments:
Post a Comment