မြန်မာ နိုင်ငံသားများ ပြည်ပတွင် အသုံးပြုရန်
ဘွဲ့လက်မှတ်များ အောင်လက် မှတ်များ အိမ်ထောင်စု စာရင်း နိုင်ငံသား စိစစ်ရေး ကတ်ပြား၊
လက်ထပ်စာချုပ် ယာဉ်မောင်း လိုင်စင်၊ ကျမ်းကျိန်လွှာ အစရှိသည့် စာရွက် စာတမ်းများကို
ပြည်ထောင်စု တရား လွှတ်တော်ချုပ် ရုံးက အသိအမှတ်ပြု ထားသည့် နိုတြီပဗ္ဗလစ် ရှေ့နေမှ
အင်္ဂလိပ်
ဘာသာဖြင့် တရားဝင် ပြန်ဆိုချက် အပေါ် ယင်းနိုတြီဗ္ဗလစ် ရှေ့နေ၏ လက်မှတ် မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံပေးခြင်းကို ပြည်သူများ ပိုမိုအဆင်ပြေ
ချောမွေ့စေရန် အလို့ငှာ နိုင်ငံခြားရေး ဝန်ကြီးဌာန (ရန်ကုန်) တွင် ဒီဇင်ဘာ ၉ ရက်မှ
စတင်ကာ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်းနှင့် နိုတြီ ထောက်ခံချက် လျှောက်လွှာ
များကို နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ လက်ခံမည် ဖြစ်ပြီး ညနေ ၃ နာရီတွင်
နေ့ချင်းပြီး ထောက်ခံချက် ထုတ်ပေး သွားမည်ဟု အသိပေး ကြေညာ ထားသည်။
No comments:
Post a Comment