Tuesday, December 3, 2013

မိတ္ထီလာ ဒုက္ခသည် စခန်းရှိ ချမ်းအေး သာယာရပ်ကွက်မှ ဒုက္ခသည် များအား အိမ်းခြံမြေပြန်ပေး



မိတ္ထီလာ ဒီဇင်ဘာ ၂၊
မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က အကြမ်းဖက် ဆူပူသူများကြောင့် ပဋိပက္ခဖြစ်ကာ သူသတ်မှု၊ မီးရှိုမှု၊ အကြမ်းဖက်မှုများကြောင့် ပဋိပက္ခအတွင်း မိတ္ထီလာမြို့ ချမ်းအေး သာယာ ရပ်ကွက်တွင် မတ် ၂၃ ရက်က အိမ်ခြေ ၁၅၉၄ လုံး မီးလောင် ဆုံးရှုံးခဲ့သည်။

မိတ္ထီလာမြို့တွင် ပဋိပက္ခကြောင့် ဒုက္ခသည်များအား ယာယီ ဒုက္ခသည်စခန်း ငါးခု ဖွင့်လှစ်ပြီး ဒုက္ခသည်ပေါင်း ၇၈၄၅ ဦးတို့အား ကူညီစောင့်ရှောက် ပေးထားခဲ့သည်။ ထိုမီးဘေး ဒုက္ခသည်များ အတွက် မြေနေရာ ပြန်လည် ချထားရေး အစီးအဝေးကို နိုဝင်ဘာ ၃၀ ရက်က မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ခန်းမ၌ ကျင်းပရာ မန္တလေး တိုင်းဒေသကြီး စီမံစီးပွားဝန်ကြီး ဦအောင်ဇံ၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးသိန်းထွန်းဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဝင်များ၊ ချမ်းအေး သာယာရပ်ကွက်မှ မီးဘေးဒုက္ခသည်များ စုံညီစွာ တက်ရောက်ကြသည်။ ယင်းအစည်းအဝေးတွင် ချမ်းအေးသာယာ ရပ်ကွက်မှ မီးဘေးသင့် ခံရသော အိမ်ထောင် စုများအနက် မြေဂရန် လက်ဝယ်ရှိ အရှုပ်အရှင်း ကင်းသည့် အိမ်ထောင်စု ၉၃ စုအား စိစစ်၍ ပထမဆုံး အကြိမ် အဖြစ် ပေ ၃၀ × ပေ ၄၀ ရှိ မြေကွက်များ ချထားပေးပြီး မြေကွက်ဂရန်ရှိသော်လည်း ဂရန် အရှုပ်အရှင်းရှိသည့် အိမ်ထောင်စု ၇၇ စုအတွက် မြေဂရန်စိစစ်၍ ဒုတိယအကြိမ် မြေဂရန် ချထားပေးမည် ဖြစ်သည်။ မြေဂရန်မရှိသည့် ၁၉၃ ဦးအတွက် အိမ်ထောင်သည် လိုင်းများ တည်ဆောက်ကာ ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ ချမ်းအေားသာယာ ရပ်ကွက်တွင် မြေကွက်ပေါင်း ၆၃၇ ကွက်ရှိရာ ၄၄၃ ကွက်မှာ စိစစ် အကွက်ချပေးပြီး ဖြစ်ကြောင်း သိရသည်။ သီရိမင်္ဂလာ ရပ်ကွက်ရှိ မီးဘေးဒုက္ခသည် များကိုလည်း မြေဂရန်များ အဆင့်ဆင့် စိစစ်၍ မြေနေရာများ ပြန်လည် ချထားပေးရန် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးက စိစဉ်ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment