Monday, December 2, 2013

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် မိုင်းပွန် - လုံအောင် ကျေးရွာချင်း ဆက်လမ်း ဖောက်လုပ် ပေးနေ



ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင် မြို့နယ်၊ မိုင်းပွန် မြို့သည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ အာဆီယံ လမ်းမကြီး ပေါ်တွင် တည်ရှိသည့်မြို့ ဖြစ်သည်။ မိုင်းပွန်မြို့သည် အဝေးပြေး ယာဉ်များ ခေတ္တ ရပ်နားရန် နေရာတစ်ခု ဖြစ်သောကြောင့် စည်ကား လှသော မြို့ဖြစ်သည်။



မိုင်းပွန်ကို ဖြတ်ကျော်ပြီးမှ လွိုင်လင်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။ လွိုင်လင် မြို့နှင့် (၁၉) မိုင် ကွာဝေး သည်။
ဒေသခံ ပြည်သူတို့၏ ဆန္ဒအရ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီက ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ (၆၈၇.၅) သိန်း ကိုခွဲဝေခွင့်ပြုပြီး  လမ်း အရှည် (၅.၄) မိုင်ရှိ မိုင်းပွန်-လုံအောင် ကျေးလက် လမ်းကို မြေသား လမ်းအ ဆင့် မှ ကျောက်ချောလမ်း အဖြစ်သို့ အဆင့် မြှင့်တင်ရန် ခွင့်ပြုပေးခဲ့သည်။
လမ်းလုပ်ငန်း ဖြစ်မြောက်ရေး ဦးစီးကော်မတီ ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ မှနာယကဖြင့် ဆောင်ရွက်ပြီး လွိုင်လင် မြို့နယ် အုပ်ချုပ်ရေး မှူး ဦးလွှမ်းမိုးဟန်က ဥက္ကဌ အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် (၂၁) ဦးပါ ကော်မတီကို သြဂုတ်လ (၁၂) ရက်နေ့က ဖွဲ့စည်းပြီး လုပ်ငန်း များကို အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။  
ဦးစီးကော်မတီ နှင့်ကော်မတီများက လုပ်ငန်း ဆောင်ရွက်မှု တိုးတက်မှု အခြေအနေ များကို (၁၅) ရက်လျှင် တစ်ကြိမ် စစ်ဆေးမှုများ ဆောင်ရွက် လျှက်ရှိသည်။ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ  D4  စက်ကြီး နှစ်စီးဖြင့် လမ်း မျက်နှာပြင် မြေညှိခြင်းကို (၂.၄) မိုင် ဆောင်ရွက် ပြီးစီးခြင်း၊ ကျောက် (၃၂၅) ကျင်း စုပုံထားရှိပြီး ကြောင်း သိရသည်။ အဆိုပါ မိုင်းပွန် - လုံအောင် ကျေးရွာချင်း ဆက်လမ်း ပေါ်တွင် ရွာလေး ရွာရှိပြီး အိမ်ခြေ (၃၆၅) ရှိ၍လူဦးရေ (၂၆၀၀) ကျော် နေထိုင်ကြသည်။  ထို့အတူပင် မိုင်းပွန် - လုံအောင် လမ်းမှတစ်ဆင့် နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေး ရွာသို့ လည်းကောင်း၊ လွယ် မွတ် ကျေးရွာ၊ နောင်ယာ ဆိုင်းကျေးရွာ၊   တောင်နောက်ကျေးရွာမှ တစ်ဆင့် လွိုင်လင် မြို့သို့ လည်းကောင်း သွားရောက် နိုင်ကြောင်း သိရသည်။
ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်မှ ပြည်နယ် / တိုင်းဒေသကြီး တိုး တက်မည်။ သို့မှသာလျင် နိုင်ငံတော်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုး တက်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေ သည်။

No comments:

Post a Comment