Friday, November 22, 2013

၂၀၁၃ ခုနှစ် အင်တာနက် အသုံးပြုမှု အညွှန်းကိန်း (Web Index) တွင် သြစကြေးလျမှာ အဆင့် ၁၁ နေရာတွင် ရှိ

နိုဝင်ဘာ ၂၂
သြကြေးလျနိုင်ငံသည် အင်တာနက်အသုံးပြုမှု အညွှန်းကိန်းတွင် အဆင့် ၁၁ နေရာတွင် ရပ်တည်နေလျက်ရှိသည်။ အလားတူ ဆွီဒင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့မှာ ထိပ်ဆုံးနေရာ သုံးနေရာတွင် တည်ရှိနေသည်။ ၂၀၁၂ ခုနှစ်က Web Inventor ဖြစ်သော Tim Berner-Lee ၏ ဖောင်ဒေးရှင်းမှ ပထမဆုံးအကြိမ် ထုတ်ပြန်ချက်အရ နယူးဇီလန်သည် အဆင့် ငါးနေရတွင် ရှိခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံသည် အဆင့် ၃၈ တွင် ရပ်တည်နိုင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် အညွှန်းကိန်း အစီရင်ခံစာအား ဒီကနေ့တွင် လန်ဒန်၌ တရားဝင် ထုတ်ပြန်သွား မည် ဖြစ်သည့်အပြင် သြစကြေးလျနိုင်ငံသည် အမေရိကန် ဗြိတိန်နိုင်ငံတို့နှင့်အတူ အစိုရ၏ ဒစ်ဂျစ်တယ်နည်းစနစ် ဆိုင် ရာ စောင့်ကြည့်မှုမျာကိုတွင် အားနည်းချက်များ ရှိသည်ကိုပါ ဖော်ပြသွားမည် ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အွန်လိုင်းဆက်သွယ်မှုများနှင့်ပတ်သက်ပြီး ထိန်းချုပ်မှုများ ရှိသော်လည်း Edward Snowden ၏ ကျေးဇူးကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိတို့ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် သူလျှိုလုပ်နေမှုများကို သိရှိခွင့် ရရှိခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလားတူ အွန်လိုင်းတွင် မိမိတို့အနေဖြင့် ဘာကိုပြောဆိုသည်နှင့်ပတ်သက်ပြီး ခြေရာခံမှုများကို လုပ်ဆောင်နေကြောင်း၊ အပြု သဘောဆောင်သည့် သတင်းမှာ သြစတြေးလျနိုင်ငံတွင် အွန်လိုင်းမှ သတင်းအချက်အလက် ရရှိမှု မှာ ကောင်းမွန်ကြောင်း၊ နေ့စဉ် လိုအပ်ချက်များနှင့် ပတ်သက်ပြီး သင့်လျော်မှုရှိသည့် သတင်းများကို ပေးနေပါကြောင်း၊ World Wide Web Foundation မှ အမှုဆောင်အကြီးအကဲ Anne Jellema က AAP သတင်းဌာနသို့ ပြောဆိုသည်။
ဒီကနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် နိုင်ငံပေါင်း ၈၁ နိုင်ငံ၏ ၉၄ ရာခိုင်နှုန်းခန့်သည် အီလတ်ထရောနစ် ဆက်သွယ်မှုများနှင့်ပတ်သက်ပြီး အစိုးရ၏ ကြားဖြတ်ယူမှုများတွင် အပြန်အလှန် ထိန်းကျောင်းမှုအတွက် ကောင်းမွန်သည့် စံနှုန်းများ ဖြည့်ဆည်းပေးစွမ်းနိုင်ခြင်းမရှိကြောင်း အကြံပြု ဖော်ပြထားသည်။

No comments:

Post a Comment