Friday, November 22, 2013

ကလေးမြို့ အနောက်မြောက်လမ်းပေါ်က ဆည်ကြီးတံတားပြုပြင်

ကလေး နိုဝင်ဘာ ၂၁
ကလေးမြို့ အနောက်မြောက်လမ်းမကို မိုးတွင်းအချိန်၌ အလွန်ရေးစီးသန်သည့် နတ်တံခါးချောင်းနှင့် ဆည်ကြီးချောင်းများ ဖြတ်ဝင်ဆီးဆင်းပြီး အဆိုပါချောင်းများဖြတ်လျက် တည်ဆောက်ထားသော နတ်တံခါး သံကူကွန်ကရစ် တံတားနှင့် ဆည်ကြီးသစ်သားတံတားတို့သည် အနောက်မြောက်ဘက် ပြည်သူ့များအတွက် ခရီးသွားလာမှု အလွန်ထောက် အကူပြုသည့် တံတားနှစ်စင်းဖြင်ကြသည်။



သို့သော်လည်း ကလေးမြို့ ရေးကြီးရေလျှံမှုကြောင့် တံတားနှစ်စင်းလုံး ပျက်စီးသွားပြီး ဆည်ကြီးသစ်သားတံတားသည် ခါးလယ်မှ ကျိုးပြတ်ပျက်စီးသွားကာ တံတားကမ်းကပ် ကမ်းပါးနံရံများသည်လည်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားခဲ့သည်။
ယခုအချိန်တွင် ဆည်ကြီးသစ်သားတံတားသည် ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိပြီး ပြိုကျသွားသော တံတားကမ်းကပ် နံရံများကိုလည်း အမာခံကျောက်စီခြင်းလုပ်ငန်းများ ဆောက်ရွက်လျက်ရှိရာ မကြာမီ ပြီးစီးလာမည်ဖြစ်သည်။
အဆိုပါ အနောက်မြောက်လမ်းမသည် ကလေးမြို့မှ လက်ပံချောင်း၊ မြစိမ်း-မြလင်း-ရှုခင်းသာနှင့် ရာဇာဂြိုဟ်ကျေးရွာ များကို ဖြတ်လျက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမဖြစ်သော ကလေး-တမူးလမ်းမသို့ ဆက်သွယ်ထားသည့် လမ်းဖြစ်သဖြင့် ကလေးမြို့ပြည်သူများအတွက် အလွန်အထောက်အကူပြုသည့် လမ်းမဖြစ်သည်။


No comments:

Post a Comment