Saturday, November 30, 2013

မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ကချင်ရိုးရာဝတ်စုံဖြင့် ပြိုင်ရင်း စောင်းတီးဖျော်ဖြေမည်

ရန်ကုန် နိုဝင်ဘာ ၂၉
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် 53th Miss International Beauty Pageant 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှယ်မယ်အဖြစ် ဂုဏ်ရည်အေးကျော်က ၀င်ပြိုင်မည်ဖြစ်သည်။
၎င်းသည် Miss International စင်မြင့်ထက်တွင် ကချင်ရိုးယာဝတ်စုံ ၀တ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာ တူရိယာဖြစ်သော စောင်းကို တီးခတ်ဖျော်ဖြေပြ သမှုများ ပြုလုပ် သွားရန်ဖြစ်ကြောင်း သိရသည်။ ထိုပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့နံနက် ၉ နားရီက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ စာနယ်ဇင် ရှင်းလင်းပွဲ ပြုလုပ်စဉ် အချိန်တိုအတွင် ပရိတ်သတ်အတွက် မေးမြန်ဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။    ဒီပြိုင်ပွဲပြိုင်ဖို့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားပါသလဲ။
ဖြေ။     လိုအပ်တဲ့ပြင်ဆင်လေ့ကျင့်မှုတွေတော့ အများကြီး ပြုလုပ်ထားပါတယ်။ ဆရာမတွေကလည်း အနီးကပ်လေ့ကျင့်မှုတွေ ပြုလုပ်ပေးကြပါတယ်။ Miss Myanmar International Local ပြိုင်ပွဲမှာ ကတည်းက အတွေ့အကြုံတွေရယ်၊ စင်ပေါ်မှာ မေးခွန်းတိုင်း ကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တာတွေ ရယ်၊ အကောင်းဆုံး Performance တွေ ပြနိုင်ခဲ့တယ်။ အဲ့ဒီလိုအတွေအကြုံတွေ၊ လေ့ကျင့်မှုတွေ အကုန်လုံးစင်ပေါ်မှာ အသုံးချ ကြိုးစားသွားမှာပါ။
မေး။    ဘာကြောင့် ကချင်ရိုးရာဝတ်စုံဝတ်ဖို့ စီစဉ်ရတာပါလဲ။
ဖြေ။    ငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီးတော့ အခုလို စီစဉ်တာလည်းပါပါတယ်။
မေး။   ဒီပြိုင်ပွဲ ပြိုင်ဖြစ်ရတဲ့အကြောင်းရင်းကို ပြောပြပါ။
ဖြေ။ ခုနက ဆရာမဒေါ်တင်မိုးလွင် ပြောသလို မြန်မာအမျိုးသမီးတွေဟာ အသားအရေကြည် လင် တောက်ပြောင်ကောင်း မွန်တယ်။ ကမ္ဘာ့အလယ်မှာ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင် တယ်ဆိုတာမျိုးလည်း ပါတာပေါ့။ အရင်က ဓါတ်ပုံတွေ ဗွီစီဒီတွေ ရိုက်ခဲ့တယ်။ အနုပညာလမ်းကြောင်း ပေါ်မှ ရှိခဲ့ပါတယ်။ အဲ့ဒီ လမ်းကြောင်းပေါ်မှာ အောင်မြင်ချင်တဲ့အတွက်လည်း ပါတာပေါ့။ နိုင်ငံကိုယ်စားပြုပြီးပြိုင် ရမှာ ဖြစ်လို့ အများကြီးကြိုးစားယှဉ်ပြိုင်သွားမှာပါ၊
မေး။   ဂျပန်အတွေ့အကြုံက အခုမှ ရှိတာလား၊ အရင်ကကော ရှိခဲ့ဖူးလား။
ဖြေ။     ဂုဏ်ရည်ရဲ့ အစ်မက ဂျပန်မှာ ရှိတော့ မိသားစုလိုက် ရောက်ဖူးတယ်။ဂျပန်စကားပြောလည်း နည်းနည်းသင်ထားတယ်။ ပြိုင်ပွဲပြုလုပ်တဲ့ ရည်ရွယ်ချက်ကိုက ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုကို ပျံနှံစေချင်တာမျိုး ပါတယ်လို့ သုံးသပ်မိတာကြောင့် ကြိုတင်ပြီးတော့ သူတို့ရဲ့ယဉ်ကျေးမှု ကို လေ့လာထားတာတွေရှိတယ်။
မေး။   စောင်းတီးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးပြောပြပါဦး။
ဖြေ။     စောင်းတီးခတ်မှာက မြန်မာသံစဉ်နဲ့ ဂျပန်သံစဉ်တို့ကို တီးခတ်မယ်။ မြန်မာသီချင်းအဖွင့်နဲ့ အပိတ်ကြာမှာ ဂျပန်သံစဉ်တီးခတ်မှာ ဖြစ်ပါတယ်။
မေး။   ပရိတ်သက်ကို ဘာများပြောချင်ပါသလဲ။
ဖြေ။     ဂုဏ်ရည်ကို အားပေးမယ့် ပရိတ်သက်တွေအနေနဲ့ တရားဝင်မဲပေးလို့ရနေပါပြီ။ Face Book Link တွေ ဖြစ်တဲ့ “gonyiayekyaw” ကနေလည်း မဲပေးနိုင်ပါတယ်။ Facebook ပေါ်က Page တွေ၊ Fun တွေကနေလည်း ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ၊ မဲပေးဖို့ Link တွေ Share ပေးထားပါတယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်။
ထို Miss International Beauty Pageant 2013 ပြိုင်ပွဲသည် ၁၉၆၀ ပြည့်နှစ်ကတည်းက ကျင်းပခြင်းဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်တွင်  (၅၃) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းအနက်မှ မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ထိုပြိုင်ပွဲသို့ သွာရောက်ယှဉ်ပြိုင်မည့် အလှမယ် ဂုဏ်ရည်အေးကျော်သည် ဒီဇင်ဘာ ၂ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ပျံသန်းမည့် လေယာဉ်ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ     ဂျပန်နိုင်ငံသို့ ထွက်ခွာ မည်ဖြစ် ပြီး စခန်းသွင်း လေ့ကျင့်ခြင်းတို့အပြင် ဒီဇင်ဘာ ၁၇ ရက်တွင် ပြိုင်ပွဲကြီးပြုလုပ်၍ ဒီဇင်ဘာ ၂၃၊ ၂၄ ရက်ခန့်တွင် ပြန်လည်ရောက်ရှိရန် မျှော်မှန်းထားသည်။
၎င်းသည် နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့်  ဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျင်းပသည့် Miss Myanmar International 2013 ဆုကို ရရှိထားသူလည်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment