Saturday, November 30, 2013

နိုင်ငံခြား သတင်းဌာန ရုံးခွဲများ ဖွင့်လှစ်ခြင်း



နေပြည်တော်၊ နိုဝင်ဘာ၃၀
ယနေ့ ၃၀-၁၁-၂၀၁၃ ရက်နေ့မှာ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ Main Press Center (MPC) မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ နိုင်ငံခြား သတင်းဌာန ရုံးခွဲများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ထုတ်ပြန် ခဲ့ပါတယ်-

မြန်မာ နိုင်ငံတွင် နိုင်ငံခြား သတင်းဌာန (၂၂) ခုမှ မြန်မာ နိုင်ငံသား ဌာနေ သတင်း ထောက်များ ထားရှိ၍ သတင်းများ ရယူခြင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ သတင်းဌာန (၂၂) ခုအနက် သက်ဆိုင်ရာ သတင်း ဌာနများ၏ လျှောက်ထားချက် အရ နိုင်ငံခြား သတင်းဌာန (၈)ခု ဖြစ်သည့် Xinghwa, Kumming Daily, AP, NHK, Kyodo News, CNA, CCTV နှင့် AFP သတင်း ဌာနတို့အား ရန်ကုန်မြို့တွင် သတင်း ဌာနရုံးခွဲ ဖွင့်လှစ် ခွင့်ပြုပြီး ဖြစ်ပါသည်။ ယခုအခါ နိုင်ငံခြား သတင်းဌာန (၄)ခုတို့အား မြန်မာ နိုင်ငံတွင် နိုင်ငံခြား သတင်း ဌာနရုံးခွဲ ဖွင့်လှစ်ခွင့် ပြုပါရန် ပြန်ကြားရေး ၀န်ကြီး ဌာနသို့ လျှောက်ထား လာရာ ထပ်မံ ခွင့်ပြုခဲ့ပါသည်။ ၎င်းတို့မှာ-
(က)Nikkei Shimboun သတင်း ဌာန (ဂျပန်နိုင်ငံ)
(ခ) Reuters သတင်း ဌာန (ဗြိတိန်နိုင်ငံ)
(ဂ) BBC (British Broadcasting Corporation) သတင်း ဌာန (ဗြိတိန်နိုင်ငံ)
(ဃ) VOA (Voice of America) သတင်း ဌာန
(အမေရိကန် နိုင်ငံ) တို့ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့အထိ မြန်မာ နိုင်ငံတွင် နိုင်ငံခြား သတင်း ဌာနရုံးခွဲ ဖွင့်လှစ်ခွင့် ပြုထားသည့် အရေ အတွက်မှာ (၁၂) ခု ဖြစ်ကြောင်း အသိပေး ရှင်းလင်း ဖော်ပြ အပ်ပါသည်။

No comments:

Post a Comment