Wednesday, October 30, 2013

လစ်ဗျားတွင် အကြီးဆုံးဓားပြတိုက်မှုကြီး ဖြစ်ပွား၊ သေနတ်သမားများက ဒေါ်လာ ၅၄ သန်း လုယူသွား

ထရီပိုလီ၊ အောက်တိုဘာ   ၂၉
လစ်ဗျား ဗဟိုဘဏ်အတွက် ပြည်တွင်းနှင့် နိုင်ငံခြားသုံးငွေ သယ်ဆောင်လာသော ဗင်ကား တစ်စီး ကို သေနတ် သမားများက  တိုက်ခိုက် ပြီး အမေရိကန်ဒေါ်လာ ၅၄ သန်းကို လုယူသွားခဲ့ကြောင်း လစ်ဗျားနိုင်ငံပိုင် သတင်းအေဂျင်စီက ပြောကြား သည်။

အဆိုပါ ဗင်ကားသည် လေဆိပ်မှ ဆာတေးမြို့ကိုအဝင် သေနတ်သမား ၁၂ ဦးက ဖြတ်တားပြီး ဓားပြတိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းငွေကြေးများကို မြို့တော်ထရီပိုလီမှ လေကြောင်းဖြင့် သယ်ဆောင်ခဲ့ပြီး  လေဆိပ်မှ မြို့ထဲအဝင်တွင် ဓားပြတိုက် ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ 
 ယင်းဓားပြတိုက်မှုကြီးသည် လစ်ဗျားနိုင်ငံတစ်ဝန်းအကြီးမားဆုံး ဓားပြတိုက်မှုကြီးဖြစ်ကြောင်း ဆာတေးမြို့ ကောင်စီ အကြီး အကဲ အဒဲလ်ဖာတက် မိုဟာမက်က ရိုက်တာသို့ ပြောသည်။
လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ် ပြည်တွင်းစစ်ပြီးကတည်းက ဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
လစ်ဗျား အစိုးရအနေဖြင့်လည်း လက်နက်ကိုင် စစ်သွေးကြွများ၊ ဂိုဏ်းအဖွဲ့များနှင့် အစ္စလာမ္မစ်အစွန်း ရောက်များအား အပြည့်အဝထိန်းချုပ် ရန်ရုန်းကန်နေရဆဲဖြစ်သည်။ အဆိုပါ ဗင်ကားကို ကာကွယ်ရန် လုံခြုံရေး ကားတစ်စီးသာ   တာဝန်ချ ထားခဲ့ကြောင်း တနင်္လာနေ့ သတင်းများတွင် ဖော်ပြသည်။ လုံခြုံရေးအစောင့်အဖြစ် လိုက်ပါသူများအနေဖြင့် သေနတ်သမား ၁၀ ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိကြောင်းလည်း လားနားသတင်းအေဂျင်စီက သတင်း ဖော်ပြသည်။
ဘီဘီစီ      

No comments:

Post a Comment