Wednesday, October 30, 2013

စစ်တောင်းမြစ်ရေ အခြေအနေ



နေပြည်တော် အောက်တိုဘာ ၂၉
စစ်တောင်း မြစ်ရေသည် တောင်ငူမြို့တွင် အောက်တိုဘာ ၂၈ ရက် ည ၉ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃၅ စင်တီမီတာ (၁ ဒသမ ၁ ပေခန့်) ကျော်လွန်နေသည်။ အဆိုပါ မြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း ၁၅ စင်တီမီတာ (ပေ၀က် ခန့်) ဆက်လက်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်သည်။
(သတင်းစဉ်)

No comments:

Post a Comment