Friday, November 1, 2013

စစ်တောင်းမြစ်ရေ ဆက်တက်နိုင်

နေပြည်တော် အောက်တိုဘာ ၃၁
စစ်တောင်း မြစ်ရေသည် တောင်ငူမြို့တွင် အောက်တိုဘာ ၂၈ ရက် ည ၉ နာရီခွဲကစ၍ စိုးရိမ် ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၁၁၂ စင်တီမီတာ (၃ ဒသမ ၇ ပေခန့်) ကျော်လွန် နေသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း ၁၅ စင်တီမီတာ (ပေ၀က်ခန့်) ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွက် ဆက်လက် တည်ရှိနေနိုင်သည်။
(သတင်းစဉ်)

No comments:

Post a Comment