Friday, November 1, 2013

မူးယစ်ဆေးဝါးမှောင်ခို ၂၈၆ ဦး ကိုလံဘီယာ ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘိုဂိုတာ   အောက်တိုဘာ   ၃၁
ကိုလံဘီယာနိုင်ငံတွင် ယခုနှစ် ယခုအချိန်အထိ နိုင်ငံ၏အဓိကလေဆိပ်များတွင် မူးယစ်ဆေးဝါးမှောင်ခိုသူများ အဖြစ် သံသယရှိသူ ၂၈၆ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၃၁ရက်တွင် ပြောကြားသည်ဟု သတင်း တွင် ဖော်ပြသည်။
 ဖမ်းဆီး ထိန်းသိမ်း ခံရသူများတွင် နိုင်ငံခြားသား ၁၁၃ ဦးပါဝင်ပြီး ၎င်းတို့အနက် စပိန်မှ ၂၆ ဦး၊ မက္ကဆီကိုမှ ၁၈ ဦးနှင့် ဗင်နီဇွဲ လား နိုင်ငံမှ ၁၀ ဦး ပါဝင်သည်။
လေဆိပ် ၁၁ ခုတွင် ကိုကင်း ၅၈၆ ကီလိုဂရမ်၊ ဆေးခြောက် ၁၂၉ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၄၃ ကီလိုဂရမ်ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က သိမ်းဆည်းရမိ ခဲ့သည်။
မူးယစ်မှောင်ခိုများက အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသို့ သင်္ဘောများဖြင့် ပို့ဆောင်ရန် ရည်ရွယ်ချက် ရှိပုံရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။                                                           
  ဆင်ဟွာ

No comments:

Post a Comment