Saturday, August 10, 2013

ပြည်ထောင်စု ဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်



နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊၆၇/၂၀၁၃
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်
(၂၀၁၃ ခုနှစ် ၊ ဩဂုတ်လ ၉ ရက်)
ပြည်ထောင်စု ဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၏  သဘော တူညီချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (Ministry of Livestock and Fisheries) ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (Ministry of Livestock, Fisheries and Rural Development ) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

No comments:

Post a Comment