ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး
(ရွှေပြည်သာမဲဆန္ဒနယ်) က ပြည်သူ့ လွှတ်တော်သို့ တင်သွင်းထားရှိသော “၁၉၅၄ ခုနှစ် နိုင်ငံတော်
အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပြည်သူ့
လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက် လျက်ရှိရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု
ဆွေးနွေးလိုပါက ၂၈-၇-၂၀၁၃ ရက်နေ့မှ ၃၁-၇-၂၀၁၃ ရက်နေ့အထိ နေ့စဉ် ၁၃:၀၀ နာရီမှ ၁၆:၀၀
နာရီအတွင်း နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီရေးရာဆောင်
အမှတ်(အိုင်-၂)၊ ဖုန်းအမှတ် ၀၆၇- ၅၉၁၃၅၉ သို့ လူကိုယ်တိုင် လာရောက် အကြံပြု ဆွေးနွေးနိုင်ပါကြောင်း
အသိပေး ကြေညာအပ်ပါသည်။
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ
No comments:
Post a Comment