Friday, July 26, 2013

ပြည်သူအများသိရှိရန် ကြေညာခြင်း

ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ပြည်သူ့လွှတ်တော်သို့တင်သွင်း ထားရှိသော “ အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေကြမ်း ” ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်လျက်ရှိရာ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုပါက
၁-၈-၂၀၁၃ ရက် နေ့မှ ၄-၈-၂၀၁၃ ရက်နေ့အထိ နေ့စဉ် ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီအတွင်း နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ ရေးရာဆောင် အမှတ် (အိုင်-၂) ဖန်းအမှတ် ၀၆၇-၅၉၁၃၅၉ သို့ လူကိုယ်တိုင် လာရောက် အကြံပြု ဆွေးနွေးနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ

No comments:

Post a Comment