၁။ လက်ရှိ ပင်စင်ခံစားနေသော အငြိမ်းစားများအား
လက်ရှိပင်စင်လစာအပြင် ဝန်ထမ်းများအား လစာ တိုးမြှင့်ခွင့်ပြုသည့် ကျပ်(၂၀၀၀၀)အပေါ် ပင်စင်နည်းဥပဒေနှင့်အညီ
တွက်ချက်၍ ၂၀၁၃ ခုနှစ်၊ ဧပြီလ လစာ မှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါသည်။
၂။ပင်စင်စားများ တိုးမြှင့် ပြင်စင်လစာကို
လွယ်ကူမြန်ဆန်စွာ ခံစားခွင့် ရရှိရေးအတွက် ပင်စင်စားများက လျှောက်ထားဆောင် ရွက်ရန် မလိုအပ်ဘဲ
ပင်စင်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးများက တိုးမြှင့် ပင်စင်လစာသစ်ကို
တာဝန်ယူတွက်ချက်၍ တိုးမြှင့်လစာသစ် ငွေပေးမိန့်ကို လက်ရှိ ပင်စင်ထုတ်ယူလျက်ရှိသော မြန်မာ့စီးပွားရေး
ဘဏ်များသို့ ပေးပို့၍ ပင်စင်လစာသစ်အား ထုတ်ပေးလျက် ရှိပါသည်။
၃။၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ မြို့ပြ၊
ကာကွယ်ရေး ပင်စင်စားဦးရေ(၅၄၃၆၄၀)ဦး၊ စာရင်း ရှိ အင်အား၏ (၉၇) ရာခိုင်နှုန်းအတွက် ပင်စင်လာစာသစ်
ထုတ်ယူခွင့်ကို မြန်မာ့စီးပွားရေး ဘဏ်များသို့ အကြောင်းကြား ဆောင်ရွက်ပြီး ဖြစ်ပါသည်။
၎။ပင်စင်လစာသစ် ခံစားခွင့်ရှိသူ ပင်စင်စားများအနက်
အကြောင်းအမျိုးမျိုးကြောင့် ပင်စင်လစာ ထုတ်ယူရန် အခက်အခဲ ရှိသူများများအား အမြန်ဆုံး
ရရှိနိုင်ရေးအတွက် ပင်စင်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးများ မှ ဆောင်ရွက်သွားပါမည်။
၅။ပင်စင်လစာသစ်ခံစားခွင့် မရှိသေးသော ကာကွယ်ရေး
ပင်စင်စားများသည် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ် ဆောင်ရွက်ပါရန်နှင့်
မြို့ပြပင်စင်စားများသည် မိမိတို့နှင့် နီးစပ်ရာ ပင်စင်ဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသ ကြီးနှင့်
ပြည်နယ်ရုံးများသို့ အောက်ပါဖုန်း/ Fax နံပါတ်များဖြင့် ဆက်သွယ် သတင်းပေးပို့ကြပါရန်နှင့်
ပင်စင်လစာသစ် ခံစားခွင့်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးတင်ပြ
အပ်ပါသည် -
စဉ် တိုင်းဒေသကြီး/ပြည်နယ်
ပင်စင်ဦးစီးမှူးရုံး ဆက်သွယ်ရန်
ဖုန်းနံပါတ်များ/ Fax
၁။ နေပြည်တော်
ရုံးချုပ် ၀၆၇-၄၁၀၃၇၂၊
၀၆၇-၄၁၀၅၂၁၊ ၀၆၇-၄၁၀၄၄၆
၂။ ရန်ကုန်တိုင်းဒေသကြီးရုံး ၀၁-၃၇၆၆၈၅၊
၀၁-၃၇၄၇၆၅
၃။ ဧရာဝတီတိုင်းဒေသကြီးရုံး ၀၄၂-၂၅၅၅၃
၎။ ရခိုင်ပြည်နယ်ရုံး ၀၄၃-၂၄၃၁၅
၅။ မွန်ပြည်နယ်ရုံး ၀၅၇-၂၇၁၅၀
၆။ ကရင်ပြည်နယ်ရုံး ၀၅၈-၂၂၅၂၂
၇။ တနင်္သာရီတိုင်းဒေသကြီးရုံး ၀၅၉-၂၃၄၉၃
၈။ ပဲခူးတိုင်းဒေသကြီးရုံး ၀၅၂-၂၁၂၁၆၊
၀၅၂-၂၁၀၁၇
၉။ ပဲခူးတိုင်းဒေသကြီးရုံးခွဲ(ပြည်မြို့) ၀၅၃-၂၆၄၇၆
၁၀။ မန္တလေးတိုင်းဒေသကြီးရုံး ၀၂-၇၁၈၃၂
၁၁။ မကွေးတိုင်းဒေသကြီးရုံး ၀၆၃-၂၅၅၈၁
၁၂။ စစ်ကိုင်းတိုင်းဒေသကြီးရုံး ၀၇၁-၂၃၆၁၆၊
၀၇၁-၂၃၄၉၅
၁၃။ ကချင်ပြည်နယ်ရုံး ၀၇၄-၂၂၀၆၄
၁၄။ ရှမ်းပြည်နယ် ၀၈၁-၂၅၀၁၉
၁၅။ ရှမ်းပြည်နယ်ရုံးခွဲ(ကျိုင်းတုံမြို့) ၀၈၄-၂၃၀၂၅
၁၆။ ရှမ်းပြည်နယ်ရုံးခွဲ(လားရှိုးမြို့) ၀၈၂-၃၀၉၄၁
၁၇။ ကယားပြည်နယ် ၀၈၃-၂၂၅၃၇၊
၀၈၃-၂၁၁၀၃
ပင်စင်ဦးစီးဌာန
No comments:
Post a Comment