Monday, October 19, 2026

ပြည်တွင်းစီးပွားရေးလုပ်ငန်းမြှင့်တင် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်

 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံအတွက်အခြေခံကျသည့် စီးပွားရေးအုတ်မြစ်ဖြစ်သည်။ ယနေ့ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများသည် SME စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အစပျိုးတည်ထောင်လာခဲ့ခြင်းဖြစ်သည်။ ယနေ့ထက်တိုင် နိုင်ငံဖွံ့ဖြိုးတိုးတက်နေသော်လည်း SME စီးပွားရေးလုပ်ငန်းများသည် အထောက်အပံ့ကောင်းများပြုနေဆဲဖြစ်သည်။ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရကအားပေးမြှင့်တင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒေသများ စီးပွားရေးကဏ္ဍတိုးတက်ရေး စိုက်ပျိုးမွေးမြူ MSMEများ အားပေး

 


မြန်မာနိုင်ငံတွင်တရားဝင်မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ပေါင်း ၄၀၀၀၀ ကျော်ရှိသည်။ မှတ်ပုံမတင်ရသေးသည့် အသေးစားနှင့်အိမ်တွင်းစီးပွားရေး လုပ်ငန်းများအပါအဝင် နိုင်ငံ့စီးပွားရေးကဏ္ဍတစ်ခုလုံးအနေဖြင့်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ ၉၄ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများဖြစ်ရာ နိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားဟုလည်းဆိုနိုင်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်လျက်ရှိ


 နေပြည်တော် အောက်တိုဘာ ၁၈

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး အသုံးပြုသည့်ယာဉ်များအတွက် RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

၅၀၀၀၀ ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်အား ထုတ်ဝေမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ချက်

 လတ်တလော လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် သတင်းမီဒီယာအချို့က ၅၀၀၀၀ ကျပ်တန်ငွေစက္ကူအမျိုးအစားသစ်အား ထုတ်ဝေမည့်သတင်းများဖြန့်ဝေလျက်ရှိရာ (ကျပ်ငွေငါးသောင်းတန်)ငွေစက္ကူသစ်များ ထုတ်ဝေမည်ဆိုသည့် မမှန်မကန်သော ကောလာဟလသတင်းများပျံ့နှံ့လျက်ရှိပါကြောင်း၊ ယင်းသတင်းများသည် မှန်ကန်မှုမရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၅၀၀၀၀ ကျပ်တန် ငွေစက္ကူသစ်များ ထုတ်ဝေမည့်အစီအစဉ်မရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည့်အတွက် ငွေကြေးတည်ငြိမ်ရေးနှင့် ငွေကြေးစနစ်တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

သို့ပါ၍ ယခုကဲ့သို့ အများပြည်သူ၏အကျိုးစီးပွားကိုပျက်ယွင်းအောင် ဈေးနှုန်းမတည်မငြိမ်မှုဖြစ်အောင် သတင်းမှားဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီဖော်ထုတ်အရေးယူပြီး ထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၁၈-၁၀-၂၀၂၆)

Sunday, October 18, 2026

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


 နေပြည်တော် အောက်တိုဘာ ၁၈

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။