Saturday, November 14, 2026

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် နိုဝင်ဘာ ၁၃


ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး နံရံကပ်စာစောင်ဖွင့်ပွဲ တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၁၃

အမျိုးသားလွှတ်တော် နံရံကပ်စာစောင်ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ကြည့်ရှုစစ်ဆေး


 

နေပြည်တော် နိုဝင်ဘာ ၁၃

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ Battery Electric Multiple Unit (BEMU) တည် ဆောက်နေမှု၊ ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive – BEL) နှင့် ဘက်ထရီ တွဲ တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ


 

နေပြည်တော် နိုဝင်ဘာ ၁၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေး (၂၈)ရက်မြောက်နေ့ အစည်းအဝေးသို့ လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံ ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မြန်မာ့အာမခံလုပ်ငန်းက ဘက်စုံပို့ဆောင်ရေးလုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံအမျိုးအစားအသစ် မိတ်ဆက်

 

ရန်ကုန် နိုဝင်ဘာ ၁၃

ကုန်စည်ပို့ဆောင်စဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် လုပ်ငန်းရှင်များ၏ ဥပဒေကြောင်းအရပေးလျော်ရန် တာဝန်ရှိမှုကို အကာအကွယ်ပေးနိုင်မည့် ဘက်စုံပို့ဆောင် ရေးလုပ်ငန်းရှင်များတာဝန်ရှိမှု အာမခံအမျိုးအစားအသစ်ကို မြန်မာ့အာမခံလုပ်ငန်းက ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့အာမခံလုပ်ငန်းရုံး၌ မိတ်ဆက်သည်။