Tuesday, October 6, 2026

လားရှိုးမြို့ နယ်မြေ(၄)သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


 နေပြည်တော် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နယ်မြေ(၄) သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်၌ အွန်လိုင်းလိမ်လည်လောင်းကစားခြင်းများလုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေးရာ အဆိုပါအဆောင်ရှိ အခန်းတစ်ခန်းအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်

 နေပြည်တော် အောက်တိုဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်(Official Visit) သွားရောက်မည်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး


 

ဖလမ်း အောက်တိုဘာ ၆

ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ နှင့်အတူ အောက်တိုဘာ(၆)ရက်ယနေ့တွင် ဖလမ်းမြို့အတွင်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးနှင့် ရေရှည်တည်တံ့သော စွမ်းအင်မဟာဗျူဟာ

 

ကောင်းပြည့်

မိမိတို့နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးတွင် လျှပ်စစ်ကဏ္ဍသည် အသက်သွေးကြောကဲ့သို့ အလွန်အမင်း အရေးပါလျက်ရှိကာ ရေရှည်တည်တံ့သော စွမ်းအင်လိုအပ်ချက်များကို ဖြေရှင်းရာတွင် ရေအားလျှပ်စစ်ကဏ္ဍသည် အသင့်တော်ဆုံးနှင့် အကောင်းဆုံးသော မဟာဗျူဟာမြောက် အဖြေတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်လျက်ရှိပါသည်။

 

ကြိုတင်ကာကွယ် စူပါအယ်လ်နီညိုဖြစ်စဉ် အန္တရာယ် . . .

စောအောင်လင်း

အယ်လ်နီညို(El Niño)ဖြစ်စဉ်ကြောင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါသည် ။ ဖြစ်စဉ်ကာလမှာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း မှ ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။