Monday, August 3, 2026

ကျောက်ဆည်မြို့နယ်ရှိ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများ စုပေါင်းဝါကောက်သိမ်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

 

ကျောက်ဆည် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) ၌ မြစ်သားမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ ဝါစိုက်တောင်သူများအားဖိတ်ကြား၍ ယမန်နေ့ နံနက်ပိုင်းက တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်မည့် နည်းစနစ်များဖြင့် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် ဝါစိုက်ခင်းတွင် စုပေါင်းဝါကောက်သိမ်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကျင်းပသည်။

“ဝ”အထူးဒေသ-၂ ရှိ မိုင်းမောမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေး

 

                                                                        မိုင်းမော ဩဂုတ် ၂

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ” အထူး ဒေသ-၂ ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မိုင်းမောမြို့နယ်တွင် ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန “ဝ” ကျန်းမာရေးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ဇူလိုင် ၃၀ ရက်က ဒေသခံတိုင်းရင်းသားပြည်သူ ၈၀၈ ဦးကို ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

အင်းလေးဒေသ၌ Bio Septic Tank များ အစားထိုးသုံးစွဲရေး ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၂

အင်းလေးဒေသ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် အမှိုက်များစွန့်ပစ်ခြင်းနှင့် ကျန်းမာသန့် ရှင်းရေးအတွက် အိမ်သာသုံးစွဲရာတွင် တိုက်ရိုက်အညစ်အကြေး စွန့်ပစ်ခြင်းတို့အစား ပိုမိုကောင်းမွန် သော စနစ် Bio Septic Tank များ အစားထိုးသုံးစွဲနိုင်ရေးကို ဒေသခံများနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပြီး ရေတိုက်စားပြိုကျမှု ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

 

ပုသိမ် ဩဂုတ်

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု ရွာသစ်စုကျေးရွာဓမ္မာရုံနှင့် ခတ္တူကျေးရွာ ဦးဘစိုဓမ္မာရုံတို့ရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ရေသန့်နှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်သည်။

ဝါးအမျိုးမျိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး ရေနီမြို့ စက္ကူစက်ရုံ(ရေနီ) ရှိ ဓာတ်ခွဲခန်းတွင် ဝါးအမျိုးမျိုးမှ ပျော့ဖတ်များ ထုတ် လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစက်ရုံမှ သိရသည်။