Monday, August 3, 2026

“ဝ”အထူးဒေသ-၂ ရှိ မိုင်းမောမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေး

 

                                                                        မိုင်းမော ဩဂုတ် ၂

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ” အထူး ဒေသ-၂ ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မိုင်းမောမြို့နယ်တွင် ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန “ဝ” ကျန်းမာရေးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ဇူလိုင် ၃၀ ရက်က ဒေသခံတိုင်းရင်းသားပြည်သူ ၈၀၈ ဦးကို ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကုသမှုပေးရာတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၁ ဦးကို HIV နှင့် ကာလသားရောဂါ၊ အသည်းရောင်အသားဝါဘီ/ စီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ ရှိ/မရှိ သွေးစစ်ဆေးပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၂၀၂ ဦးတို့အား တီဘီရောဂါ ရှိ/ မရှိ ဓာတ်မှန်ရိုက်စစ်ဆေးပေးခြင်းနှင့် သလိပ်စစ်ဆေး၍ လိုအပ်သောကုသမှုများပေးခြင်း၊ ကလေး ၄၆၉ ဦးတို့ကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment