ရန်ကုန် နိုဝင်ဘာ ၈
MFF U-16 ဖူဆယ်လိဂ်ပြိုင်ပွဲ အပတ်စဉ် (၁၈) ပွဲစဉ်များကို ယနေ့တွင် ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ SGF Youth အသင်းက MAR Rein အသင်းကို လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရကာ ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်ခဲ့သည်။
ယနေ့ယှဉ်ပြိုင်ခဲ့သည့်
ပွဲစဉ်များတွင် အမှတ်ပေးဇယားအဆင့် (၂)နေရာမှ Victoria အသင်းက Avengers Junior အသင်းကို
၁၁ ဂိုး - လေးဂိုး၊ FFU MinMaHaw အသင်းက TKA Stars အသင်းကို လေးဂိုး - နှစ်ဂိုး၊
Mahar Burma အသင်းက Jullniss အသင်းကို ခုနစ်ဂိုး - နှစ်ဂိုး၊ United City အသင်းက
Bushido အသင်းကို ငါးဂိုး - လေးဂိုး၊ Pacific Sun Far အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို
ငါးဂိုး - လေးဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
အပတ်စဉ် (၁၈) ပွဲစဉ်များအပြီးတွင်
SGF Youth အသင်းက ၄၇ မှတ်၊ Victoria အသင်းက ၄၄ မှတ်၊ FFU MinMaHaw အသင်းက ၃၆ မှတ်၊
Pacific Sun Far အသင်းက ၃၅ မှတ်၊ Mahar Burma က ၃၄ မှတ်၊ United City က ၂၈ မှတ်၊
Avengers Junior အသင်းက ၂၇ မှတ်၊ Jullniss FC က ၂၄ မှတ်၊ TKA Stars FC က ၁၉ မှတ်၊
Bushido FC က ၁၀ မှတ်၊ MAR Rein အသင်းက ၅ မှတ်နှင့် ရွှေပြည်သာယူနိုက်တက်က ၄ မှတ်ရရှိထားသည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment