ဖလမ်း နိုဝင်ဘာ ၃
ချင်းပြည်နယ်၊ဖလမ်းမြို့၌ (၇၈)ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲတင်းနစ်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်းသိရသည်။
နိုဝင်ဘာလ ၃ ရက်နေ့ကစ၍ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများကို ကျင်မွာလ်ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံ၌ ယှဉ်ပြိုင်ကစားလျက်ရှိရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(၄)စု၊ ဘော်လီဘောပြိုင်ပွဲတွင် အုပ်စု(၄)စုတို့ဖြင့် အုပ်စုအလိုက် ပတ်လည်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားနှစ်ယောက်တွဲတင်းနစ်ပြိုင်ပွဲကို မြို့မတင်းနစ်အားကစားကွင်းတွင် အုပ်စု(၂)အုပ်စုဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ဘောလုံးပြိုင်ပွဲကို
နိုဝင်ဘာလ (၂)ရက်နေ့ကစတင်ကာ တလန်လိုရပ်ကွက်၊ ဟရန်ထီးယိုဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်းသိရသည်။
အဆိုပါအားကစားပြိုင်ပွဲ
ဗိုလ်လုပွဲများကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်
အသီးသီးဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး စာပေနှင့်ရိုးရာဝတ်စားဆင်ယင်မှု၊ ယဥ်ကျေးမှုအကပြိုင်ပွဲများနှင့်
ပွဲတော်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)







No comments:
Post a Comment