Thursday, November 19, 2026

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်ဥက္ကဋ္ဌ တက်‌ရောက်

 


မော်စကို နိုဝင်ဘာ ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၇ ရက်က ကျင်းပသည့် “ဗဟုဝင်ရိုးကမ္ဘာရှိ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ” ခေါင်းစဉ်ဖြင့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း ဦးဆောင်သော ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ တက်‌ရောက်ခဲ့သည်။

အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အပါအဝင် ကမ္ဘာ့နိုင်ငံ ၆၀ ကျော်မှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြသည်။

ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ Mr. Vladimir Putin က ပေးပို့သော ကြိုဆိုနှုတ်ဆက်မိန့်ခွန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရုံးအကြီးအကဲက ဖတ်ကြားခဲ့ပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ကပေးပို့သော ကြိုဆိုနှုတ်ဆက်လွှာများကို သက်ဆိုင်ရာဌာန အကြီးအကဲများက ဖတ်ကြားခဲ့ကြသည်။

အဆိုပါညီလာခံတွင် "Rights of Citizens Abroad: Mechanisms and Practices of Coo-peration Between Ombudsmen" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "The Right to Freedom of Con-science and Cultural Identity: Safeguarding Beliefs, languages and Traditions" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "The Right to Sovereign Deve-lopment: International Cooper ation and Pro-tection Against External Pressure"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "The Right to Liberty and Perso-nal Security :Guarantees of Protection Against Human Trafficking and Modern Forms of Slavery"ခေါင်းစဉ်ဖြင့်လည်းကောင်း အပိုင်း(၄) ပိုင်းခွဲ၍ ပညာရှင်ဆွေးနွေးပွဲ (Panel Discussion) ပုံစံဖြင့် ဆွေးနွေးခဲ့ကြသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ၏ အစီအစဉ် (၂) နှင့် အစီအစဉ် (၃) တို့တွင် တက်ရောက်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက သက်ဆိုင်ရာဘာသာရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် "The Moscow Principles: Comm-on Approaches to Human Rights Protection" ခေါင်းစဉ်ဖြင့်ဆွေးနွေးကြပြီး The Moscow Prin-ciple (မူကြမ်း)နှင့်စပ်လျဉ်း၍ ပိုမိုခိုင်မာကောင်းမွန် သော အခြေခံမူများဖြစ်စေရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန် ညီလာခံသို့ ပါဝင်တက်‌ရောက်ကြသော ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment