ဖလမ်း နိုဝင်ဘာ ၂၀
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ နိုဝင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် သာသနာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် လမ်းဦးစီးဌာနရှိ ရာနှုန်းပြည့်ပြုပြင်ပြီးစီးသည့် အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့နယ်သာသနာရေးဦးစီးဌာန
ရုံးအဆောက်အအုံ ပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊
မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဆိုလာမီးတပ်ဆင်ထားရှိမှု၊
ရုံးလုပ်ငန်းများဆောင်ရွက်နေမှုများအားလည်းကောင်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့်ဝန်ထမ်းမိသားစုများ
အခြေချနေထိုင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လမ်းဦးစီးဌာန၊
ရိပ်သာဟောင်းပြုပြင်ပြီးစီးမှု၊ ဆိုလာမီးတပ်ဆင်ထားရှိမှုနှင့် ရိပ်သာအဟောင်းတွင် ယာယီရုံးဖွင့်လှစ်ကာ
ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား နှုတ်ဆက်အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး (၃) ထပ်ဆောင် ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့်
ယင်းအဆောက်အအုံတွင် ခရိုင်နှင့်မြို့နယ်တရားရုံး ယာယီဖွင့်လှစ်ထားရှိမှုများအားလည်းကောင်း၊
လမ်းဦးစီးဌာန ရိပ်သာအသစ်ရာနှုန်းပြည့် ပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ
ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်အစိုးရအဖွဲ့
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်
ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း
သိရသည်။
ခရိုင် (ပြန်/ဆက်)










No comments:
Post a Comment