နေပြည်တော် နိုဝင်ဘာ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံး သံရုံးယာယီတာဝန်ခံ/ အကြီးတန်းသံမှူး Mr. Aleh Holubeu အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံး သံရုံးယာယီတာဝန်ခံ/ အကြီးတန်းသံမှူး Mr. Aleh Holubeu က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းသည်။
ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေမှု၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များဖြင့် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်တို့အနေဖြင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment