နေပြည်တော် နိုဝင်ဘာ ၁၉
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ခိုင်မာတိုးတက်လာမှုနှင့် နှစ်ဖက်သံရုံးများ အပြန်အလှန်ဖွင့်လှစ်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် အစိုးရသစ်ပေါ်ပေါက်လာမှုအပေါ် ထောက်ခံအားပေး ခဲ့မှု၊ မြန်မာ့လွှတ်တော်ဖွဲ့စည်းပုံနှင့် နိုင်ငံတကာ ပါလီမန်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အတွေ့အကြုံဖလှယ်ရေး တိုးမြှင့်ဆောင် ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment