နေပြည်တော် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ်ကျင်းပမြဲဖြစ်သော တောင်သူနည်းပညာဆွေးနွေးပွဲကို (၁၃၃)ကြိမ်မြောက်အဖြစ် ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ Auditorium ခန်းမတွင် “ဟင်းသီးဟင်းရွက်များတွင် မြေဆောင်ရောဂါများကာကွယ်ရန်နှင့် ပြင်းထန်သော ရာသီဥတုဒဏ်များအပေါ် ခံနိုင်ရည်ရှိမှုမြှင့်တင်ရန် ကိုင်းဆက်နည်းပညာအသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ဒုတိယဦးစီးမှူး(သုတေသန) ဒေါ်ထက်နန္ဒာအောင်က “ဟင်းသီးဟင်းရွက်များတွင် မြေဆောင်ရောဂါများ ကာကွယ်ရန်နှင့် ပြင်းထန်သောရာသီဥတုဒဏ်များအပေါ် ခံနိုင်ရည်ရှိမှုမြှင့်တင်ရန် ကိုင်းဆက်နည်းပညာအသုံးပြုခြင်း” အကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများက မိမိတို့ကြုံတွေ့နေရသည့် စိုက်ပျိုးရေး ဆိုင်ရာအခက်အခဲများနှင့် သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီ ပညာရှင်များ၊ တောင်သူကြီးများ စုစုပေါင်း ၁၁၉ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူ ၂၅၀ တို့က zoom point ၅၀ မှ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment