Saturday, November 21, 2026

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်ဖလမ်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများ ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေမှုကြည့်ရှုအားပေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ဖလမ်း နိုဝင်ဘာ ၂၁

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများ ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေမှုအား ကြည့်ရှုအားပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။











နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့်အတူ ဖါရ်ထောက်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် အ.ထ.က (၁) ကျောင်းဆောင်အတွင်း အခန်းများ၊ မှန်ပြတင်းများ၊ ခုံများအား စနစ်တကျသန့်ရှင်းရေးဆောင်ရွက်ကြခြင်းဖြစ်ပြီး ဒုတိယဝန်ကြီးက အသုံးမပြုသည့် စာသင်ခန်းများ၊ ကျောင်းသုံးပစ္စည်းများ၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းရန်မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နေရပ်ပြန်ဒေသခံပြည်သူများ၏ ဈေးဆိုင်ဖွင့်လှစ်မှုအခြေအနေများကို ကြည့်ရှု၍ ကုန်စည်စီးဆင်းမှုအခြေအနေများ၊ စားဝတ်နေရေး၊ စီးပွားရေးအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းကာ အားပေးစကားများပြောကြားသည်။ ဖလမ်းမြို့သို့ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ နေရပ်ပြန်လာပြီး (၆) လတာ ကာလအတွင်း လူမှုစီးပွားဘဝများ မြင်သာစွာတိုးတက်လာပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ပြန်လည်လုပ်ကိုင်လာကြပြီဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များမှတစ်ဆင့် ဒေသဝင်ငွေတိုးတက်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်ရန်နှင့် မျိုးစေ့သီးနှံများ မျိုးကောင်းမျိုးသန့်ရရှိရေးသက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အအုံနှင့် (၁) ခန်းတွဲ (၃) ထပ်ဆောင် ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား စနစ်တကျနေရာချထားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး အဆောက်အအုံရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ခရိုင်ပြန်ဆက်

No comments:

Post a Comment