Saturday, October 10, 2026

MFF U-19 ဖူဆယ်လိဂ်ပြိုင်ပွဲ အပတ်စဉ်(၁၄) ပွဲစဉ်များ ယှဉ်ပြိုင်မည်

 


ရန်ကုန် အောက်တိုဘာ ၉

MFF U-19 Youth Futsal League 2026 ပြိုင်ပွဲ၏ ဒုတိယအကျော့ အပတ်စဉ်(၁၄) ပွဲစဉ်များကို အောက်တိုဘာ ၁၀ ရက်တွင် MFF Futsal Stadium ၌ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ နံနက်ပိုင်းပွဲစဉ်များအဖြစ် ၈ နာရီခွဲတွင် မင်္ဂလာဒုံစီးတီးအသင်းနှင့် ယူနိုက်တက်စီးတီးအသင်း၊ နံနက် ၁၀ နာရီတွင် YRG FC နှင့် MIU FC အသင်း၊ ၁၁ နာရီခွဲ တွင် Pacific Sun Far အသင်းနှင့် Royal Noka အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မွန်းလွဲပိုင်းပွဲစဉ်များအဖြစ် မွန်းလွဲ ၁ နာရီတွင် JV FC နှင့် ရွှေပြည်သာယူနိုက်တက်၊ ၂ နာရီခွဲတွင် ULAD FC နှင့် Gold Dream အသင်း၊ ညနေ ၄ နာရီတွင် YCDC Dream Team အသင်းနှင့် Burmese Warriors အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အပတ်စဉ်(၁၃) ပွဲစဉ်များအပြီးတွင် Pacific Sun Far FC အဆင့်(၁)၊ MIU FC အဆင့်(၂)၊ YRG FC အဆင့်(၃)၊ ULAD FC အဆင့်(၄)၊ YCDC Dream Team အဆင့်(၅)၊ Gold Dream FC အဆင့်(၆)၊ JV FC အဆင့် (၇)၊ Royal Noka FC အဆင့်(၈)၊ United City FC အဆင့်(၉)၊ ရွှေပြည်သာယူနိုက်တက် အဆင့် (၁၀)၊ မင်္ဂလာဒုံ FC အဆင့်(၁၁)နှင့် Burmese Warriors FC အသင်းက အဆင့်(၁၂)နေရာတွင် ရပ်တည်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments:

Post a Comment