ဖလမ်း အောက်တိုဘာ ၁၀
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အောက်တိုဘာလ (၁၀) ရက် ယနေ့နံနက်ပိုင်းတွင် ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ဖလမ်းမြို့၊ ယာယီဆေးရုံအတွက် လျာထားသည့် ၆ ခန်းတွဲ ၂ ထပ်အိမ်ရာ အတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး
ဆောင်ရွက်နေမှုအား လည်းကောင်း၊ လမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး
ဆောင်ရွက် နေမှုများ၊ မြို့နယ်လမ်းဦးစီးဌာန ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှု၊
ဖလမ်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မြေနေရာသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ဆယ်တင်ပစ္စည်းများ
စနစ်တကျ ဖယ်ရှားနေရာချထားနေမှုများ၊ မြို့နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်
ခရိုင်လမ်းဦးစီးဌာနရုံး သန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်ဇလပ်ရိပ်သာရှေ့သန့်ရှင်းရေးနှင့်ဥယျာဥ်ခြံ
စိုက်ပျိုးနေမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရုံးနှင့်ဝန်ထမ်းအိမ်ရာအနီးဝန်းကျင်
သန့်ရှင်းသာယာရေးအား အလေးထား ဆောင်ရွက်ရန်၊ ရုံးပတ်ဝန်းကျင်အတွင်းရှိ ဆယ်တင်ပစ္စည်းများ
အလေအလွှင့် မရှိစေရေး စီမံဆောင်ရွက်ရန်၊ ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်၊
လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ပြီးပါက
အဆောက်အဦးပျက်နေသည့် မြေလွတ်များအား စနစ်တကျအစီအမံများထားရှိရန်နှင့် မြို့အင်္ဂါရပ်နှင့်
အညီ ဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။
အောက်တိုဘာ (၁၀) ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း
ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့်
ဖလမ်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာ၊ ဖလမ်းမြို့ မြို့နယ်
မီးသတ်တပ်ဖွဲ့စခန်းနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်းအားလည်းကောင်း၊ တိုင်းရင်းဆေးဦးစီးဌာန၊
ခရိုင်တိုင်းရင်းဆေးကုဌာန ရုံးအဆောက် အအုံ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး
အဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်းများ အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးမှ
စာချုပ်ပါ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးနှင့်
ပစ္စည်းအရည်အသွေး လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေး၊ အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေးများ
စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနမှ
မီးလောင်မှုဖြစ်ပါက မီးငြှိမ်းသတ်ရေးအတွက် ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေမှုအား
ကြည့်ရှုအားပေးခဲ့သည်။
တီးတိန်မြို့နှင့် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်
တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ (၉) ရက်နေ့တွင် တီးတိန်ခရိုင်
တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများသည်
တီးတိန်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၂) ထပ် တည်ဆောက်ခြင်းလုပ်ငန်း၊
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊
မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းဆောင်ပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍
လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ
အတွင်းရေးမှူးသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာ (၉) ရက်နေ့တွင် တွန်းဇံမြို့
Cyclone Shelter RC (၂) ထပ်ပြုပြင်ခြင်း၊ မြို့နယ်လမ်းဦးစီးဌာန ဧည့်ရိပ်သာ RC (၂)
ထပ်ပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာသွပ်မိုး
RC (၁) ထပ်ပြုပြင်ခြင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ခေါဝုန်) ပျဉ်ခင်း၊ ပျဉ်ကာ ပြုပြင်ခြင်း
များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တွန်းဇံမြို့နယ် တစ်မြို့နယ်လုံးရှိ တစ်စိတ်တစ်ပိုင်း
ပျက်စီးသွားသော အဆောက်အဦ စုစုပေါင်း (၄၂) ခုအား ဒေသခံကုမ္ပဏီ (၁၆) ခုမှ ပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ရာ ယနေ့အချိန်ထိ လုပ်ငန်းတစ်ခုလုံး၏ (၈၁.၆၆၆%) ပြီးစီးပြီဖြစ်ကြောင်းနှင့်
သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရေး၊ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးများ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


No comments:
Post a Comment