နေပြည်တော် အောက်တိုဘာ ၅
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးညိုစော
နှင့် ဒုတိယသမ္မတ
ဒေါ်နန်းနီနီအေး၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ သီးခြားဖိတ်ကြား ထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video
Conferencing ဖြင့်
တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊
ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက်
ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က
အတည်ပြုပေးရန်နှင့် ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး
ဥပဒေကြမ်းကို အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊
စီမံကိန်းများအတွက်
အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့်
မလုံလောက်ခြင်း၊ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရန်မဖြစ်နိုင်ခြင်း၊ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF)
မှ လွှဲပြောင်းကျခံ သုံးစွဲရန် မဖြစ်နိုင်ခြင်း စသည့်အခြေအနေများကြောင့်
အသားတင်ထပ်မံလိုအပ်လာသည့်ငွေ ကိုသာ
ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စိစစ်ခွင့်ပြုခြင်းဖြစ်ကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်လာသည့်
ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့်
နိုင်ငံ့စီးပွားမြှင့်တင်ရေး အသုံးစရိတ်များ၊
ပြည်ပအကူအညီ၊ ချေးယူရငွေများနှင့် ဆက်နွှယ်သည့် အသုံးစရိတ်များ၊
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံလောက်သည့် ကိစ္စရပ်များ၊
နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်အရ
မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းသစ်များနှင့် လုပ်ငန်း သစ်များအတွက်
အသုံးစရိတ်များကို အဓိကထားပြီး
ဖြည့်စွက် ခွင့်ပြုငွေတောင်းခံ ထားသည်ကို
တွေ့ရကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေကို ပြည်ထောင်စုလွှတ်တော်က နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံး စွဲရေးဥပဒေအဖြစ်
အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်ပြီး
ဖြည့်စွက် ခွင့်ပြုငွေ သုံးစွဲနိုင်မည့်ကာလမှာလည်း
(၄)လ ခန့်သာရှိသည့်အတွက်
ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့်
စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ MSME လုပ်ငန်းများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်စျေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက်
ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန် တိုးတက်လာစေရေးအတွက် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည်
နိုင်ငံ့ထုတ်ကုန်တိုး တက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို
ပြီးခဲ့သည့်လက ကျင်းပခဲ့ကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့်
အကြံပြုချက်၊ မဟာဗျူဟာလုပ်ငန်း စဉ်များနှင့်
လုပ်ငန်းစီမံချက်များကို လက်တွေ့အကောင်အထည်ဖော်
ဆောင်ရွက်နိုင်မည့် မူဝါဒနှင့် Action Plan များအဖြစ်ပြောင်းလဲပြီး Agro-based
Industries ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်လည်း ဖြစ်ကြောင်း။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့်အတိုင်း
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပြီး
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ စျေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လူသားအရင်းအမြစ်သည်
အဓိကအကျဆုံးဖြစ်သည့်အတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့
ပညာရေးကို အားပေးစို့” ဆိုသည့်
ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ
ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကဏ္ဍမှာလည်း KG+9 အဆင့်ထိ အားလုံး သင်ယူနိုင်ကြရန် မူဝါဒချမှတ်
ဆောင်ရွက်လျက်ရှိကြောင်း။
ပညာရေးကဏ္ဍနှင့်အတူ
ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးကိုလည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့်ခံယူချက်ဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ထိရောက်သည့်မူဝါဒများချမှတ် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဘက်စုံ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ပေါ်ပေါက်လာရေးအတွက် ကျန်းမာရေးကဏ္ဍ
မြှင့်တင်ရေး ဆိုင်ရာအသုံးစရိတ်များ၊
လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များအပါအဝင်
အခြားကဏ္ဍများတွင်လည်း အသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီ
နှစ်စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်
နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊
ရည်မှန်းချက်များ အောင်မြင်အောင်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးထားသည့်ရန်ပုံငွေများနှင့် ယခု
ထပ်မံခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေများကို အကျိုးရှိထိရောက်စွာဖြင့် အလေအလွင့်မရှိအောင် စိစစ်သုံးစွဲကြရန်လိုကြောင်း။
ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ရှင်းလင်းတင်ပြမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ
တောင်းခံမှု၊ ထိုသို့ တောင်းခံမှုအပါအဝင်
ရငွေ၊ သုံးငွေပြောင်းလဲမှုအရ ပြန်လည် ရေးဆွဲထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး
ခန့်မှန်းခြေငွေစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် ပြောကြားလိုကြောင်း ပြောကြား သည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက ပြည်ထောင်စုအဆင့် ဌာန၊
အဖွဲ့အစည်းများ၏ ၂၀၂၆
- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြမှုအခြေအနေ၊ ဖြည့်စွက်ခွင့်ပြုငွေများကို စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းတွင်
နိုင်ငံတော်၏ မူဝါဒ၊
လမ်းညွှန်ချက်အရ ယခုဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သော
လုပ်ငန်းများအတွက် အသုံးစရိတ်များ၊ လွှတ်တော်ကတိကဝတ်ပြုခဲ့သည့်
ကိစ္စရပ်များ အတွက်အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံ လောက်သည့် လုပ်ငန်းများ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း
အပြီးသတ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ထပ်မံရရှိရန်သေချာပြီး
ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ်အကောင် အထည်ဖော်နိုင်မည့်
ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေးစိစစ်၍ ခွင့်ပြုပေးခဲ့မှုအခြေအနေ၊
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများမှ ပိုလျှံငွေအပ်နှံမှု များစွာမရှိစေရန်၊ ဘတ်ဂျက်ခန့်မှန်းမှု အားကောင်းလာစေရန်အတွက် အချို့သော
ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအား မူလခွင့်ပြုငွေအတွင်းပိုလျှံသော ခေါင်းစဉ်များမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အထွေထွေ ပိုလျှံငွေ(GRF)သို့
အပ်နှံပြီး ပြန်လည်သုံးစွဲခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင်
ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို
ဘဏ္ဍာရေးကော်
မရှင်က အတည်ပြုထောက်ခံပေးနိုင်ရန် ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး က
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံ
မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ပြီး ပြည်ထောင်စုမှ ထောက်ပံ့ပေးရမည့်
ထောက်ပံ့ငွေများနှင့်စပ်လျဉ်း၍ သာမာန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီ
အသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများနှင့်
စိစစ်ခွင့်ပြုပေးခဲ့မှုအခြေ အနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ
ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ပေးရမည့် ဘဏ္ဍာငွေများအား ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေးအတည်ပြု
ပေးနိုင်ရန်ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းစိစစ်ပြီးစီးမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ
စိစစ်ပြီးစီးမှုအခြေအနေ၊ ပြည်ထောင်စု၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေငွေစာရင်းနှင့်
ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း၊ နိုင်ငံပိုင်နိုင်ငံ ခြားငွေအခြေအနေနှင့် ပြည်ထောင်စု၏
နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့်
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦးက ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့် ပြုငွေတောင်းခံမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊
ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့် စပ်လျဉ်း၍
စစ်ဆေးတွေ့ရှိချက်အရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း
အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များက တင်ပြကြသည်။
တင်ပြမှုများနှင့်ပတ်သက်၍
နိုင်ငံတော်သမ္မတက ရငွေအပိုင်းတွင် နိုင်ငံတော်မှ အခွန်အခများ ပိုမိုရရှိစေရေးအတွက်အခွန်ငွေကို တိုးမြှင့်ကောက်ခံခြင်းထက်
အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စီစစ်ဆောင်ရွက်
ကောက်ခံသွားကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက်
လိုအပ်သည့်ဘဏ္ဍာငွေများကို အပြည့်အဝရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ရငွေများပိုမိုတိုးတက်ရရှိစေရေးအတွက်
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ ဒေသအလိုက် ဒေသ၏အားသာချက်များကို အသုံးချ၍
ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ ဖြိုးအောင်လည်း အစွမ်းကုန်ကြိုးပမ်းအကောင်
အထည်ဖော်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင်လည်း နိုင်ငံတော်အတွက်
အမှန်တကယ် အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည်နေရာများတွင် အပိုသုံးစွဲမှု
မဖြစ်စေရေး စနစ်တကျ စိစစ်သုံးစွဲသွားကြရန် လိုကြောင်းဖြည့်စွက်ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးကော်မရှင်
အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊
ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စာရင်း၊ ပြည်ထောင်စုမှတိုင်းဒေသကြီးနှင့် ပြည်နယ်များကို
ထောက်ပံ့ပေးရ မည့်ငွေ၊
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးဖြစ်ကြောင်း၊ ဆွေးနွေး
အတည်ပြုထားသည့်အတိုင်း
ဘဏ္ဍာရေးကော်မရှင်၏
ထောက်ခံချက်နှင့်အတူ
ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံသားများ၏ လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်စေရေး
အခြေခံအုတ်မြစ်ဖြစ်သည့်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
စက်မှုစီးပွားကဏ္ဍများကို
ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်
အစားထိုးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်
တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်း၊ Agro-based Industries များနှင့်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။
မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊
ပြည်သူများ၏
လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ
ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ
တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့်
ဝန်ဆောင်မှုကဏ္ဍများ
ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့်
ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်
လယ်ယာကဏ္ဍ မြှင့်တင်ရေးသည်
နိုင်ငံ့စီးပွားတိုးတက်ရေးနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည်လည်း
အလွန်အရေးကြီးသည့်
မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊
“လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ စီးပွားရေး ဖွံ့ဖြိုးမည်”
ဟူသည့်
ဆောင်ပုဒ်နှင့်အညီ
ပြည်သူများသွားလာမှု ပိုမိုမြန်ဆန်စွာချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု
အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက်
ကုန်းလမ်း၊ ရထားလမ်းနှင့်
ရေကြောင်းလမ်း၊ လေကြောင်းလမ်း ပို့ဆောင်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ
အဆင့်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ထိုကဲ့သို့ဆောင်ရွက်နိုင်ရေး သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့်လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများကိုလည်း အမြန်ဆုံး
ပြန်လည်ထူထောင်ပေးလျက်ရှိကြောင်း။
နိုင်ငံတော်အနေဖြင့် အဓိကကျသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊
လျှပ်စစ်နှင့်
စွမ်းအင်ကဏ္ဍနှင့် အားကစားကဏ္ဍတို့တွင်
ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး
အလေးထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့
နိုင်ငံတော်ဘဏ္ဍာငွေများကို နှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊
ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြချိန်တွင် ရငွေတိုးမြှင့်ရရှိသည့် ဌာနများရှိသကဲ့သို့ ရငွေလျော့နည်းသွားသည့် ဌာနများရှိကြောင်း၊ ရငွေများကို လျာထားသည့်အတိုင်း အပြည့်အဝကောက်ခံရရှိရေး
ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ယခုခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများ အပါအဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ကာလအတွင်း
အရည်အသွေးပြည့်ဝစွာ အချိန်မီပြီးစီးစေရေး အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အလေအလွင့်မရှိအောင်
အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့်
သုံးစွဲမှုများကိုလည်း
စနစ်တကျ စာရင်းစစ်ဆေးမှုခံယူနိုင်ကြရန်လည်း သတိပေးမှာကြားလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊
ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ
ထိထိရောက်ရောက် သုံးစွဲကြရန်၊
လုပ်ငန်းကို
အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့်
ပိုလျှံငွေအများအပြား ပြန်လည်အပ်နှံရမှု မဖြစ်စေရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို
ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment