ရန်ကုန် အောက်တိုဘာ ၃၁
နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ဆောင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆု(၈၄)ဆု၊ ငွေတံဆိပ်ဆု(၄၀)ဆု၊ ကြေးတံဆိပ်ဆု(၂၇)ဆု၊ ဂုဏ်ပြုဆု(၁)ဆုဖြင့် ပထမအဆင့် ရရှိခဲ့သည့် အောင်ပွဲရ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဂုဏ်ပြုကြိုဆိုပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်
ဇနီး ဒေါ်နှင်းနှင်းအေး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်
ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်
၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ဆောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ဆောင် ပြိုင်ပွဲဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်
တာဝန်ရှိသူများက ပန်းကုံးဆွတ်၍ တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ခဲ့ကြ
သည်။
ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး
ရခိုင်တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီး ဦးနေမင်းထွန်းက ဗဟိုတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့်
အခြေအနေအား ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြိုင်ပွဲများ၏ မှတ်တမ်း Video Clip အားပြသပြီး ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ဆောင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ ပြိုင်ပွဲဝင်များနှင့် တက်ရောက်လာကြသူများအား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန် ရှိသူများက
တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်များနှင့်
အုပ်ချုပ်သူများက သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင် ပထမအဆင့်နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ခဲ့ကြောင်းနှင့်
ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ
ပြုလုပ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)

No comments:
Post a Comment