Saturday, October 31, 2026

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှုစစ်ဆေး


 ရန်ကုန် အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်ရှိ ရွှေတောင်မြို့နယ် ပဲခူးတိုင်းဒေသကြီးပိုက်ကျော်ခြင်းလက်ရွေးစင်အားကစားသမားများ ကွင်းသွင်းခြင်းခတ်(Hoop Takaraw)လေ့ကျင့်နေမှုများနှင့် ရွှေတောင်မြို့နယ်နှင့် နတ္တလင်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံတို့ကို ယနေ့နံနက်ပိုင်းက အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများရေရှည်တည်တံ့စေရေးအတွက် ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့ပြင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ၂ဝ၂၆ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲတွင် အမှာစကားပြောကြား၍ “၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ”ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အထက(၄)တာမွေမှ ဘင်ခရာနှင့်ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်းပေးအပ်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment