နေပြည်တော် အောက်တိုဘာ ၈
အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) ဒုတိယနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင် အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပုံမှန်အစည်းအဝေးအတွင်း တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန ၁၄ ခုမှ တာဝန်ရှိပုဂ္ဂိုလ်များအား ကော်မတီအဖွဲ့ဝင်များနှင့်ဥက္ကဋ္ဌက မေးမြန်းဆွေးနွေး၍ ပေါင်းစပ်အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အတူကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment