ဖလမ်း အောက်တိုဘာ ၁၄
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးဆောင်ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့်အတူ အောက်တိုဘာ(၁၄)ရက်တွင် တွန်းဇံမြို့ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး တွန်းဇံမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့်အဖွဲ့သည်
တွန်းဇံမြို့ စိန်ဖရန့် ဆစ်ဘုရားကျောင်းခန်းမတွင်ကျင်းပပြုလုပ်သည့် တွန်းဇံမြို့ရပ်မိရပ်ဖများ၊
ဘာသာရေး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ရာ ဒုတိယဝန်ကြီးမှ
အဖွင့်အမှာစကား ပြောကြားသည်။ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် “ချင်းပြည်နယ်ပြန်လည်ထူရေးအတွက်
နိုင်ငံတော်အကြီးအကဲ၏တာဝန်ပေးချက်အရ လာရောက်ရခြင်းဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှ
အစိုးရယန္တရားများလည်ပတ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ
ကိုယ်စားလှယ်များဖြင့် ပြန်လည်ထူထောင်ရေးကိစ္စလာရောက်ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊
လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေရရှိရေး၊ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊
စိုက်ပျိုးရေးကိုအခြေခံပြီး လူမှုစီးပွားဘဝတိုးတက်ရန်ဆောင်ရွက်ရမှာဖြစ်ကြောင်း ” ပြောကြားသည်။
ဆက်လက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊
စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်မှ “ပြန်လည်ထူထောင်ရေးတွင်
နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍအရေးကြီးပါကြောင်း၊ အစိုးရယန္တရားများပုံမှန်လည်ပတ်နိုင်ရန်
ပြည်သူများ၏ပူးပေါင်းပါဝင်မှုအရေးကြီးကြောင်း၊ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်
စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ထွက်ရှိလာသည့်ကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်နိုင်ရန်လိုအပ်ပါကြောင်းနှင့်
အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
ဒေသခံပညာတတ်များမွေးထုတ်ရန် အရေးကြီးသည့်အတွက်ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးဝိုင်းဝန်း
ထောက်ပံ့ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီနေထိုင်ရန်အရေးကြီးကြောင်း၊
ယခုကဲ့သို့ပြန်လည်ထူထောင်ရေးဆောင်ရွက်ခြင်းဖြင့် တွန်းဇံမြို့သည် အကောင်းဘက်သို့ဦးတည်နေပြီဖြစ်သည့်အတွက်
ဒေသခံပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း
” ဆွေးနွေးပြောကြားသည်။
ထို့နောက် တွန်းဇံမြို့ ရပ်မိရပ်ဖဥက္ကဌမှ
ပညာရေး၊ ဆက်သွယ်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် များကိုတင်ပြရာ သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူများက
ရှင်းလင်းဖြေကြားသည်။ ရှင်းလင်းဖြေကြားချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းနှင့်
တွန်းဇံမြို့၊ ပြည်သူ့ဆေးရုံသို့ သွားကြည့်ရှုစစ်ဆေးရာ ကျောင်းအဆောက်အဦပြင်ဆင်ခြင်းနှင့်
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအားလည်းကောင်း၊ ပြည်သူ့ဆေးရုံတွင်
တက်ရောက်ကုသနေသည့် လူနာများအား ကြည့်ရှုအားပေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေါဝုန်/လေးဆန်
အခြေခံပညာမူလတန်းလွန်ကျောင်း၊ မြို့နယ်မီးသတ်စခန်း မီးသတ်အုတ်ရေကန်ပြုပြင်ခြင်းလုပ်ငန်း၊
တွန်းဇံမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန
ဝန်ထမ်းအိမ်ရာ၊ တွန်းဇံမြို့လျှပ်စစ်ဝန်ထမ်းအိမ်ရာ၊ တွန်းဇံမြို့နယ် လမ်းဦးစီးဌာန ဧည့်ရိပ်သာ၊
တွန်းဇံမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန Cyclone Shelter စသည့် အကြမ်းဖက်ဖြစ်စဥ်များကြောင့်
ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အဦပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး
စာချုပ်ပါစည်းမျဥ်းစည်းကမ်းများနှင့်အညီ လုပ်ငန်း ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်ပြီးပါက
ဝန်ထမ်းများနေထိုင်နိုင်ရေးနှင့်ရုံးလုပ်ငန်းများ လည်ပတ်နိုင်ရေး၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး
ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
















No comments:
Post a Comment