နေပြည်တော် အောက်တိုဘာ ၂၇
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆို၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးသည်။
ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) မြခန်းမ၌ ကျင်းပလျက်ရှိသည့် ဝါသနာရှင် ဒုတိယတန်း(အမျိုးသမီး) မျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက မြန်မာ့မူမှန်သီချင်းဖြင့် တစ်ဦးချင်း သီဆိုပြိုင်ပွဲဝင်နေမှုများကိုလည်းကောင်း၊ နီလာခန်းမ၌ ဝါသနာရှင် ဒုတိယတန်း (အမျိုးသမီး) စောင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များက ညဉ့်သုံးယံခါ(ပတ်ပျိုး)သီချင်းဖြင့် တစ်ဦးချင်း တီးခတ်ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

No comments:
Post a Comment